နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ (ဌ)တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ရှမ်းပြည်နယ် အခြေစိုက်ပါတီဖြစ်သော လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို စစ်ဆေးခံနိုင်ရန် အကြောင်းကြား ထားကြောင်း သိရသည်။
(သတင်းစဉ်)