Skip to main content

ပုလဲမြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်  ဖေဖော်ဝါရီ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်း ရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ၏ ဉပဒေမဲ့ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့် လုံခြုံစိတ်ချရသည့်နေရာများ၌ ခေတ္တတိမ်းရှောင်နေထိုင် လျက်ရှိသော ဒေသခံပြည်သူများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ နေရပ် အသီးသီး သို့ပြန်လည် နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် တာဝန်ရှိသူများသည် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနှင့် အင်မထီး ကျေးရွာများမှ NLD ပါတီ ထောက်ခံသူအစွန်း ရောက် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ် များကြောင့်ထွက်ပြေး တိမ်းရှောင်နေကြရသော ဒေသခံပြည်သူများအား လုံခြုံစိတ်ချရသည့် နေရာများသို့ ပြန်လည်ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့် နေထိုင်စားသောက်ရေးတို့ကို စီစဉ်ပေးပြီး တွေ့ဆုံ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။