Mar 20, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုပ္ဗသိရီမြို့ ဆင်ဖြူရှင်ရပ်ကွက်၊ အေးမေတ္တာစံ (တောင်နီလေး) ကျောင်းတိုက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု(ဒုတိယအဆင့်) အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ရောက်ရှိပြီး ကျောင်းတိုက် ဆရာတော်အား ဖူးမျှော်ကြည်ညိုကြသည်။
Mar 20, 2022
(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညနေ (၆) နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပသည်၊၊
Mar 20, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၈ ရက်တွင် ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်၊ သံတွဲ-တောင်ကုတ် ကားလမ်းဘေးတွင် တရားမဝင် ကညင်သစ်(၃ ဒသမ ၈၈၆၂) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၈,၆၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
Mar 20, 2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြ လမ်းပေါ်ရှိ အရှည် (၇၈၇)ပေ ကျွန်းကုန်းတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Mar 20, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့်အတူ မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ ကျေးရွာအုပ်စု၊ ဝဲကလိ- အိုင်ရှည်လမ်း ၃ မိုင်အနက် ၁ မိုင် ၃ ဖာလုံ အပြီးသတ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများကို လမ်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် လိုအပ်သောနေရာများတွင် အလင်းဖွင့်ခြင်းများဆောင်ရွက်ရန်နှင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားကြရန်မှာကြားခဲ့ပြီး လမ်းဖောက်လုပ် ပြီးစီးမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Mar 20, 2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲကို မတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပသည်။
Mar 20, 2022
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀) မြောက် ဘွဲ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Mar 20, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ရေကြည်မြို့နယ်များအတွင်း တရားမဝင်သစ်မျိုးစုံ ၃၅ ဒသမ ၀၂၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၇၄၈၇၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 20, 2022
၂၀၂၁-၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ၌ တံခွန်စိုက်ဆုရ လှေလှော်အားကစားအဖွဲ့နှင့် အားကစားနည်းအလိုက် ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 20, 2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုး ဧက ၃၄၀၀ အကျိုးပြုမည့် လျှပ်စစ် မြစ်ရေတင်စီမံကိန်းလေးခု အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။