Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရလှေလှော် အားကစားအဖွဲ့နှင့် အားကစားနည်းအလိုက် ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်

နေပြည်တော် မတ် ၁၉

၂၀၂၁-၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ၌ တံခွန်စိုက်ဆုရ လှေလှော်အားကစားအဖွဲ့နှင့် အားကစားနည်းအလိုက် ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ်က အောင်ပွဲရ အားကစားအဖွဲ့များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ၂၀၂၁-၂၀၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရ လှေလှော်အားကစားအဖွဲ့က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ဆုဖလားအပ်နှံသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရ အားကစားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်