Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးတွင် လျှပ်စစ်မြစ်ရေတင်စီမံကိန်း လေးခု တည်ဆောက်လျက်ရှိ

စစ်ကိုင်း မတ် ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုး ဧက ၃၄၀၀ အကျိုးပြုမည့် လျှပ်စစ် မြစ်ရေတင်စီမံကိန်းလေးခု အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

တည်ဆောက်နေ

“စစ်ကိုင်းတိုင်းဒေသကြီးမှာ စိုက်ပျိုး ဧက ၃၄၀၀ အကျိုးပြုမယ့် လျှပ်စစ် မြစ်ရေတင်စီမံကိန်းလေးခု အကောင်အထည်ဖော် တည်ဆောက်နေပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စိုက်ပျိုးမြေ ၆၁၈၂၄ ဧက အကျိုးပြုနေတဲ့ တည်ဆောက်ပြီး မြစ်ရေတင်က ၃၇ ခု ရှိပါတယ်။ တည်ဆောက်ဆဲလေးခုပါဆို မြစ်ရေတင် ၄၁ ခုရှိပါတယ်” ဟု တိုင်းဦးစီးမှူးက ပြောသည်။

တည်ဆောက်ဆဲ မြစ်ရေတင်စီမံကိန်း လေးခုသည် ဧက ၁၈၀၀ အကျိုးပြုမည့် စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ် ထန်းတောဆိပ် (မူးမြစ်) လျှပ်စစ်မြစ်ရေတင်၊ ဧက ၅၀၀ အကျိုးပြုမည့် ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် (ကင်းတပ်လက်ဝဲမြောင်း) ညောင်ကိုင်း လျှပ်စစ် မြစ်ရေတင်၊ ဧက ၇၅၀ အကျိုးပြုမည့် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်(ကင်းတပ်လက်ဝဲမြောင်း) စောကြီးလျှပ်စစ်မြစ်ရေတင်နှင့် ဧက ၃၅၀ အကျိုးပြုမည့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် (ကင်းတပ်လက်ဝဲမြောင်း) ကတ-၁၁၆ လျှပ်စစ်မြစ်ရေတင်စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။

“မြစ်ရေတင်တည်ဆောက်တဲ့အတွက် တောင်သူတွေ မိုးကိုမမျှော်ရဘူး။ မိုးကိုစောင့်ပြီး ပျိုးထောင်တာ၊ ထွန်ယက်တာ၊ စိုက်ပျိုးတာတွေ လုပ်စရာမလိုဘူး။ မြစ်ရေတင်က လျှပ်စစ်နဲ့ ရေမောင်းပို့ရင်ရောက်တယ်။ ပုံမှန်မိုးက မရွာတစ်ချက် ရွာတစ်ချက်မို့ အညာဒေသမှာ မိုးမျှော် စိုက်ပျိုးလို့မရဘူး။ မြစ်ရေတင်စိုက်မှသာ စိုက်ဧကတိုးလာမှာပါ။ မြစ်ရေက နုန်းမြေပါတဲ့အတွက် မြေဆီလွှာပိုကောင်းလာမယ်၊ သဲမြေတွေမှာ မြစ်ရေကြောင့် စပါးစိုက်လို့ရလာတယ်” ဟု တိုင်းဦးစီးမှူးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေအောက်ရေ စက်ရေတွင်း ၁၁၆၁ တွင်း စိုက်ပျိုးရေ ပေးဝေလျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်က မြစ်ရေတင်ဖြင့် မိုးသီးနှံ ၂၃၂၇၂ ဧက စိုက်ပျိုးရေပေးဝေခဲ့ပြီးမြေအောက်ရေဖြင့် ၆၉၂၄ ဧက စိုက်ပျိုးရေပေးဝေခဲ့ကြောင်း သိရသည်။

လူလေး