Mar 14, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်ရှိ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ (၆၁ ဒသမ ၇၀၉၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၀၉,၄၁၄) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 14, 2022
စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူး ရောင်းချနေမှု များအပေါ် တားဆီးထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Mar 14, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ငွေကြေးနှင့်ပစ္စည်းများ တောင်းခံရယူမှုများအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။
Mar 14, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Mar 14, 2022
၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာနေ၊ စည်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝေလွင်၏ နေအိမ်သို့ PDF အကြမ်းဖက် သမား ၂၀ ဦးခန့်မှ ရောက်ရှိလာပြီး သေနတ်များပစ်ဖောက်၍ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ လူတစ်ဦးယောက်မှ မတွေ့ရှိရသဖြင့် နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သည်။ လုံခြုံရေး ပူးပေါင်းအဖွဲ့များက သတင်းအရ မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သွားရောက်၍ ဝိုင်းဝန်မီးငြိမ်း သတ်ပေးခဲ့ရာ PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ လူနေအိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
Mar 14, 2022
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များကို နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြား ပြသပေးလျက်ရှိသည့် ဆရာ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို တွေ့ရှိလာရသည်။
Mar 14, 2022
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်-မုန်း ကားလမ်းပေါ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၀)က တာဝန် ယူတည်ဆောက်ခဲ့သော စစ်တောင်း မြစ်ကူးတံတား(အုတ်ဖြတ်)မှာ ယခုအခါ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ပြည်သူများ အသုံးပြုနိုင်ရန် မကြာမီဖွင့်လှစ်တော့မည်ဖြစ်သည်။
Mar 14, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မန္တလေး အမြန်လမ်းမကြီး၏ နေပြည်တော်-မန္တလေး လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး မိုင်(၂၈၄/၄-၅) သီးကုန်းယာဉ်ရပ်နားစခန်း (အသွားလမ်း)တွင် ရပ်/ကျေး ဈေးဆိုင်ခန်းများ နေရာချထားမည့်နေရာကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
Mar 14, 2022
ကုန်စည်ကူးသန်းရေးတွင် ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့်ကျင်းပသည့် ဆေးဝါးတင်သွင်း ထုတ်လုပ်သူများအတွက် ပို့ကုန်၊ သွင်းကုန်နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
Mar 14, 2022
ဒေါက်တာဇင်နွယ်မြင့် (ပါမောက္ခ/ ဌာနမှူး ပထဝီဝင်ဌာန) ရန်ကုန်တက္ကသိုလ်