Mar 14, 2022
(၁၉)ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေ သည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့သွားရောက်၍ သံရုံးနှင့်စစ်သံရုံး မိသားစုများ၊ သင်တန်း သားများအားတွေ့ဆုံ အမှာစကားပြောကြားသည်။
Mar 14, 2022
၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။
Mar 14, 2022
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM-19)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စားတက်ရောက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ထွက်ခွာကြသည်။
Mar 14, 2022
KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့အနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မြဝတီ-ကော့ကရိတ် အာရှ လမ်းသစ်ပေါ်၌ သွားလာလျက်ရှိ သည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ် များကို ကျူးလွန်လျက်ရှိပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပျက်စီးစေရန်နှင့် ခရီးသွားပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ထိခိုက်ပျက်စီး စေလျက်ရှိသည်။
Mar 14, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၂ / ၂၀၂၂ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်) ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Mar 14, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၁ / ၂၀၂၂ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
Mar 14, 2022
(၁၄-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Mar 14, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီး ရေ (၂) စီး ဖြင့် Mask (၁၆) တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
Mar 14, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဥပဒေရေးရာ အလုပ်ရုံဆွေးနွေးပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Mar 14, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အငယ်တန်းအင်ဂျင်နီယာ (၂) များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဗဟိုသင်တန်း ကျောင်း၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။