နေပြည်တော် မတ် ၁၃
ကုန်စည်ကူးသန်းရေးတွင် ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့်ကျင်းပသည့် ဆေးဝါးတင်သွင်း ထုတ်လုပ်သူများအတွက် ပို့ကုန်၊ သွင်းကုန်နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးညွန့်အောင်က အဖွင့်အမှာ စကားပြောကြားပြီး ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသရေး၊ ဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန် မှန်ကန်ချောမွေ့စေရေး(Task Force) လုပ်ငန်းအဖွဲ့ (ရန်ကုန်)ဥက္ကဋ္ဌ ဦးမိုးမြင့်၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆေးဝါးတင်သွင်း ထုတ်လုပ်သူများအတွက် ပို့ကုန်သွင်းကုန်နှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြသည်။
ရှင်းလင်းဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ကုန်စည် ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဌာနဆိုင်ရာများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်