Skip to main content

Mar 19, 2022

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူထဲမှ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်သည်။ ၂၀ ရာစုအစတွင် ဗြိတိသျှကိုလိုနီ လက်အောက်သို့ကျရောက်ခဲ့သော မြန်မာနိုင်ငံအား နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်ရင်း ဗမာ့ လွတ်လပ်ရေးတပ်မတော်ဟူ၍ စတင်သန္ဓေတည်ခဲ့သည်။ ထိုမှတစ်ဆင့် ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး လွတ်လပ်ရေးရသောအခါ မြန်မာ့တပ်မတော်အဖြစ် ပြောင်းလဲခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

မြန်မာနိုင်ငံတွင် လူငယ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်သော အသက် အပိုင်းအခြားမှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်သည်။ ယင်းအသက်အပိုင်းအခြားအတွင်းရှိသော လူငယ်များက မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် မျှော်မှန်းတည်ဆောက်လျက်ရှိရာတွင် ယနေ့ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်တာဝန်ယူ သွားကြရမည့်သူများ ဖြစ်သည့် အလျောက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ စုပေါင်းရေပေးရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝါးလီးကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးဒေါက်တာ ဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်စိုးဝင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ဆောင်၊ အိပ်ဆောင်များ တည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ တက္ကသိုလ် မိုးလုံလေလုံ အားကစား ခန်းမနှင့် တက္ကသိုလ် ဘောလုံးကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ အရည်အသွေး ကောင်းမွန်ရေး၊ အချိန်မီပြီးစီးရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက် လာသူများ၊ မြန်မာနိုင်ငံအတွင်း အစုလိုက်ကူးစက်ဖြစ်ပွားမှုများနှင့် ပြည်တွင်းကူးစက်မှုများမှ ဓာတ်ခွဲနမူနာ ရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron (အိုမီခရွန်) အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်