Skip to main content

Mar 19, 2022

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြိုနယ် ဟဲဟိုး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းဆောင်များကြံ့ခိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း၊ ဖူဆယ်အားကစားကွင်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ် (၁၇) ရက် နံနက်ပိုင်းက အဆိုပါ လူငယ်သင်တန်းကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၀) မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူး - အုတ်ဖြတ် - မုန်းလမ်းပေါ်ရှိ အရှည် ပေ (၆၂၀)၊ စစ်တောင်းမြစ်ကူးတံတား (အုန်ဖြတ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်ဧည့်ဂေဟာနှင့် ဟိုတယ်များသို့ သွားရောက်ကာ နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်၊ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်း သင်တန်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လိုပါက လိုအပ်သည့် ငွေကြေးအရင်းအနှီးအား သမဝါယမအသင်းပုံစံ၊ အစုအဖွဲ့ပုံစံဖြင့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန်နှင့် ရက်ကန်းပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်မှာကြားကာ ကလောမြို့နယ်၊ မြောက်မြေခြားကျေးရွာနှင့် တောင်ပတ်ကျေးရွာ ကျေးရွာနှစ်ရွာ စုပေါင်းရေပေးရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်း၊ အမြဲတမ်း မသန်စွမ်းဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(ရန်ကင်း)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ မင်းရွာကျေးရွာအုပ်စု ရွာသစ်ကျေးရွာမော်လမြိုင်-ကျိုက်မရောလမ်းမဘေးရှိ အဆိုပါရုံးဝင်း အတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၊ (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် လေဆိပ်မှ နေပြည်တော်လေဆိပ်သို့ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်) လာ အယ်လ်စုတိုင်အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်