နေပြည်တော် မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာအုပ်စု ဝဲကျွန်းကျေးရွာ၌ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်တွင် လေပြင်းများတိုက်ခတ်ပြီး လှိုင်းရိုက်ခတ်မှုများကြောင့် ကမ်းခြေရှိ နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် တပ်မတော်(ရေ)မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးသည်။
တပ်မတော်(ရေ)မှ တပ်မတော်သားများက အဆိုပါကျေးရွာရှိ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့်လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအတွက် ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်