Skip to main content

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ လုပ်ငန်း ဆောင်ရွက်နေမှုများကို ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၂

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ မာရဝိဇရဘုရားကြီးရှေ့ မြတ် မင်္ဂလာလမ်း အရှည်နှစ်မိုင်ခန့် လမ်းဝဲ/ယာ ၁၂ ပေစီ ကွန်ကရစ် လမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း၊ စံပယ်လမ်း အဆင့်မြှင့်တင် ပြုပြင်ဖောက်လုပ်ခြင်း လုပ်ငန်း၊ သံတမန်ဇုန်ရှိ စိမ်းလန်းဧရိယာအတွင်း မြက်ခင်းနှင့် နှစ်ရှည်ပင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်း၊ စံပယ်လမ်းနှင့် ရာဇသင်္ဂဟလမ်း လမ်းဆုံတွင် မီးပွိုင့် တပ်ဆင်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်နေမှုများကိုသွားရောက် စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ဒုတိယမြို့တော် ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မင်္ဂလာကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သည့် မင်္ဂလာကန် အမှတ်(၂) ကန်ပတ်လမ်း အရှည် | ပေ ၈၁၀၀၊ အကျယ် ၁၂ ပေ။ အထူ ရှစ်လက်မရှိ မြေသားပြုပြင် ကွန်ကရစ်လမ်းခင်းခြင်း၊ မင်္ဂလာ ကန် အမှတ်(၁)တွင် တစ်ဖက် လေးပေစီ ကွန်ကရစ်လမ်း တိုးချဲ့ခင်းကျင်းခြင်းလုပ်ငန်းနှင့် မင်္ဂလာ ကန် (၁) နှင့် (၂) တွင် လမ်းမီးများ ထွန်းညှိရန် ၁၁/၀ ဒသမ ၄ ကေဗွီ အေ ထရန်စဖော်မာ နှစ်လုံး တည်ဆောက်နေသည့် အခြေ အနေများ၊ မင်္ဂလာကန် ရေပြင် ကြည်လင် သန့်ရှင်းရေးအတွက် ရေညှိရေမှော်များ ဆယ်ယူခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး မင်္ဂလာကန်မှဆယ်ယူရရှိသော ရေညှိရေမှော်များကို ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သစ်ပင်၊ ပန်းပင်များအတွက် မြေဩဇာအဖြစ် ပြုပြင်အသုံးပြု နိုင်ရေး ဆောင်ရွက်ရန် မှာကြား သည်။

ထိုမှတစ်ဆင့် ဒုတိယမြို့တော် ဝန်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် တရော်ပင်အင်း ကျေးရွာအနီးရှိ တပ်ကုန်းမြို့မ သုသာန်အနီး မြေနေရာတွင် ရေဆိုးကန် တည်ဆောက်မည့် နေရာနှင့် အမှိုက်ကွင်းရွှေ့ပြောင်း မည့်မြေနေရာများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့နောက် တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာ အနီး နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်ပြီးစီး သည့်သားသတ်ရုံအဆောက်အအုံ များနှင့် အုပ်ချုပ်မှုအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ကြောင်း သိရသည်။

သတင်းစဉ်