ရန်ကုန် မတ် ၂၂
ပါကစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ သမ္မတဟောင်း H.E. Mr. Muhammad Rafiq Tarar သည် ၂၀၂၂ ခုနှစ် မတ် ၇ ရက်တွင် ကွယ်လွန်ခဲ့သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာ ဗျူဟာလေ့လာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်း အမှတ် (အေ-၄) သံတမန်ရပ်ကွက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံး၌ ဝမ်းနည်းခြင်းအထိမ်း အမှတ်စာအုပ်၌ လက်မှတ်ရေးထိုးသည်။
ပါကစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ သမ္မတဟောင်း H.E. Mr. Muhammad Rafiq Tarar သည် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ပါကစ္စတန်အစ္စလာမ္မစ် သမ္မတနိုင်ငံ၏ ကိုးဦးမြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်