နေပြည်တော် မတ် ၂၃
သထုံမြို့နယ်တွင် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၅/၆)အနီးတွင် ပဲခူးမှ မော်လမြိုင်သို့ ရဲဝင်းအောင်(၃၀)နှစ် မောင်းနှင်ပြီး အောင်ဇေဦး (ခ)ကိုဦး(၂၃)နှစ် လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်နှင့် တာဝန်ခံ သယ်ဆောင်သူ ဇော်ဇော် (၃၉)နှစ် မောင်းနှင်လာသည့် SUZUKI SWIFT မော်တော်ယာဉ် ၂ စီးတို့ကို သတင်းအရ ရှာဖွေရာ ၂၂ ဘီးတွဲယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၁,၂၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကရင်ပြည်နယ်၊ မြဝတီ၊ မြန်မာ-ထိုင်းနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်