Skip to main content

Mar 25, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

၇၇ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မိတ္ထီလာမြို့နယ် စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြို့ရေ ပေးရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ ရေပေးရေးစီမံကိန်း Water Treatment Plant နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၀ နာရီတွင် ဥရောပအာရှ စီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့မွန်းလွဲ ၁ နာရီ က မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေးအတွက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား ယနေ့နံနက် ၁၁နာရီ PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရဲစခန်း၏ တောင်မှ မြောက်သို့ မောင်းနှင်လာကာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲခြင်းမရှိသေးသည့် လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် အများပြည်သူအသက်အန္တရာယ် မရှိစေရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum- SEANF) ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting)ကိုဖိုရမ်၏၂၀၂ခုနှစ်အတွက်အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ လူ့ အခွင့်အရေးကော်မရှင် က ဦးဆောင်၍ မတ် ၂၃ ရက်မှ ၂၄ ရက်အထိ virtual online platform အသုံးပြု၍ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပုလင်းသွင်းဖြည့်တင်းနိုင်ခြင်း အောင်မြင်မှုအသီးအပွင့်အဖြစ် ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်းအခမ်းအနားကို မတ် ၂၃ ရက်တွင် မင်္ဂလာရှိစွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ Sinopharm ကာကွယ်ဆေး ပုလင်းသွင်းဖြည့် တင်းခြင်း (Full-Finish) ကို အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ငါးနိုင်ငံမှ ဆောင်ရွက် နိုင်ခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် MYANCOPHARM ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထုတ်လုပ်နိုင်မှုသည် သမိုင်းမှတ် တိုင်တစ်ခုအဖြစ် ပေါ်ထွန်းခဲ့ပြီဖြစ်ရာ မြန်မာ့ဆေး လောက၏ ရွှေရောင်လွှမ်းသော နေ့တစ်နေ့အဖြစ် ကမ္ပည်းတင်ကျန်ရစ်တော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ် မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာရှင်များက ဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်