နေပြည်တော် မတ်၂၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် ရုရှား နှစ်နိုင်ငံပေါင်းစပ်ပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)