Skip to main content

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ မြို့နယ်ရဲစခန်းနှင့် ပခုက္ကူမြို့နယ်ရှိ ပခုက္ကူ-ပေါက် အများပြည်သူသွား ကားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ် မိုင်း/ဗုံး များဖြင့်ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်

နေပြည်တော် မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား ယနေ့နံနက် ၁၁နာရီ PDF အမည်ခံ အကြမ်းဖက်သမား ဦးက ဆိုင်ကယ် စီးဖြင့် ရဲစခန်း၏ တောင်မှ မြောက်သို့ မောင်းနှင်လာကာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲခြင်းမရှိသေးသည့် လက်ပစ်ဗုံး လုံးအား တွေ့ရှိရသဖြင့် အများပြည်သူအသက်အန္တရာယ် မရှိစေရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ သည်။

အလားတူ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ညောင်ပင်လှကျေးရွာအနီးရှိ ပခုက္ကူ - ပေါက် အများပြည်သူသွား ကားလမ်းအား မတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကတ္တရာလမ်းအနည်းငယ် ပေါက်ပြဲပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ အေးချမ်းစွာသွားလာနိုင်ရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။