Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်   မတ် ၂၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့မွန်းလွဲ နာရီ က မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေးအတွက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်းများနှင့် Value added ထုတ်ကုန်ပစ္စည်းများတင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍတွင် ငွေပေးချေရာ၌ ဒေသတွင်းငွေကြေးစနစ်အားအသုံးပြု၍ ဆောင်ရွက်နိုင် ရေးကိစ္စ၊ ရေနံ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ ဓါတ်မြေသြဇာနှင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်း များတင်သွင်းနိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှနိုင်ငံများအကြား ကုန်သွယ်မှု ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များအကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် စီးပွားရေးကိုယ်စား လှယ်အဖွဲ့များ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)