Skip to main content

အာဆီယံလူငယ်ဓာတ်ပုံပြိုင်ပွဲ ၂၀၂၂ (ASEAN Youth Photo Competition 2022) ကျင်းပမည်

နေပြည်တော် မတ် ၂၈

အာဆီယံလူငယ်ဓာတ်ပုံပြိုင်ပွဲ ၂၀၂၂ (ASEAN Youth Photo Competition 2022)ကို ကမ္ဘောဒီးယား နိုင်ငံ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်ပြီး “အပြန်အလှန် အကျိုးဖြစ်ထွန်း စေရေး ပေါင်းစည်းအားဖြင့် ဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါဓာတ်ပုံပြိုင်ပွဲကို ၂၀၂ ခုနှစ် မတ်လမှ ဇွန်လအထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ရောက် ယှဉ်ပြိုင်လိုသော လူငယ်ဓာတ်ပုံ ပညာရှင်များအနေဖြင့် (၂၀၂၂) ခုနှစ် ဧပြီလ ၁၀ ရက် နောက်ဆုံးထား၍ Online Application မှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

စည်းကမ်းချက်များအနေဖြင့် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များသည် အသက်(၁၈ -၃၅)နှစ်အတွင်းရှိ အာဆီယံနိုင်ငံသားဖြစ်ရမည်။ ပြိုင်ပွဲ ဝင် ဓာတ်ပုံသည် အာဆီယံဒေသအတွင်း ရိုက်ကူးထားသော ပုံဖြစ်ပြီး ယခင်က ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိထားသည့် ဓာတ်ပုံများမဖြစ်ရ။ ပြိုင်ပွဲဝင်ဓာတ်ပုံ အမျိုးအစားသည် - JPG (or) JPEG ဖြစ်ရမည်။ Resolution သည် 150 - 300 DPI အတွင်းရှိရမည်။ File size 3-5 MB အရွယ်အစားဖြစ်ရမည်။ ဓာတ်ပုံအား အနည်းငယ် ဖြတ်ဖောက်ခြင်း၊ ကာလာ ချိန်ညှိခြင်းပြုလုပ်နိုင်သည်။ ဓာတ်ပုံတွင် ဘောင်များ၊ ရေစာ မှတ်များ၊ အချိန်အမှတ်အသားများ မပါရှိရပါ။ ယှဉ်ပြိုင်သူတစ်ဦးသည် ဓာတ်ပုံတစ်ပုံသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခေါင်းစဉ်အား အင်္ဂလိပ်ဘာသာဖြင့် စကားလုံး (၁၀)လုံးထက် မပိုရ၊ Caption အား စကားလုံး (၃၀) လုံးထက် မပိုရ။ ရှင်းလင်းချက်အား စကားလုံး (၁၀၀) လုံး ထက်မပိုဘဲ အင်္ဂလိပ်ဘာသာဖြင့် ရေးသားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲအား အာဆီယံနိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် အဆင့်(၂)ဆင့် သတ်မှတ်၍ ရွေးချယ် ဆုချီးမြှင့် ပေးအပ်သွားမည် ဖြစ်ပြီး ပထမအဆင့်တွင်သက်ဆိုင်ရာ အာဆီယံနိုင်ငံများမှအကောင်းဆုံး ဓာတ်ပုံ(၅)ပုံကို နိုင်ငံ့ကိုယ်စားပြုရွေးချယ်သွားမည်ဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် ဒေသတွင်း အကဲဖြတ်အဖွဲ့ဝင်(၉)ဦး ပါဝင်သည့် အဖွဲ့ ဖြင့် စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲတွင် အကောင်းဆုံးဆု (၃)ဆု၊ ရေပန်းအစားဆုံး ဓာတ်ပုံဆု (၁)ဆု၊ အထူးဆု (၁၀) ဆုတို့ကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ချီးမြှင့်မည့်ဆုများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၃၀၀ ဖြစ်သည်။ အဆိုပါပြိုင်ပွဲဝင်အစီအစဉ်များနှင့်ပတ်သက်၍  https://mail.google.com/mail/u/0/#inbox/FMfcgz GmvLZmRbmrxin CGWpBgXWXqGCP?projector=1&message Partid=0.91 https://mail.google.com/mail/u/0/#inbox/FMfcgzGmvLzmRbmr Xin CGWpBgXWx GCP?Projector =1&message Partid=0.10 Link များတွင် ဝင်ရောက်ကြည့်ရှု စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်