Skip to main content

နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးမောင်မောင် ချောင်းမကြီးဆည်အတွင်း ရေဝင်ရောက်မှုနှင့် ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံရှိ အမြန်နှုန်းသဲရေစစ်ကန် ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၇

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်သည် ယနေ့မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးချောင်းအတွင်းရှိ သဲနုန်းများနှင့်အမှိုက်များတူးဖော်ဖယ်ရှားခြင်း၊ ချောင်းဖြောင့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့တော်ဝန်က ချောင်းမကြီးဆည်သို့အဓိကရေဝင်ရောက်သည့် ချောင်းမကြီးချောင်းအတွင်း ရေစီးရေလာကောင်းမွန်ပြီးဆည်အတွင်း ရေပိုမိုဝင်ရောက်နိုင်စေရေးနှင့်ချောင်းတစ်လျှောက် သဲနုန်းများပိတ်ဆို့မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်သည် ပျဉ်းမနားမြို့နယ် ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင် အလုပ်ရုံရှိတည်ဆောက်ပြီးစီးသော အမြန်နှုန်းသဲရေစစ်ကန်သို့သွားရောက်၍ သဲရေစစ်ကန်တွင် ရေသန့်စင်မှုစနစ်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်ပြင်အလုပ်ရုံများသို့ ဖြန့်ဖြူးပေးဝေသည့် ရေအရည်အသွေးကောင်းမွန်စေရေးနှင့် ရေလုံလောက်စွာပေးဝေနိုင်စေရေး သဲရေစစ်ကန်ပြုပြင်ထိန်းသိမ်းမှုကို အမြဲဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်