Skip to main content

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ အသုံးအဆောင်ပစ္စည်းများနှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်

နေပြည်တော် မေ ၂၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းစစ် ဌာနချုပ်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့်တာဝန်ရှိသူများက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူကြိုကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံများကိုပေးအပ်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်တပ်နယ်များမှ တာဝန်ရှိသူများကလည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကိုပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်