Skip to main content

Jun 01, 2022

၂၀၂၂ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၁၃)မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၆)မိုင်ခန့်ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်၊ ဂွမြို့၏ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက် (၁၄)ကီလိ

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ မေ ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဒီးမော့ဆိုမှ လွိုင်ကော်မြို့ဘက်သို့ မောင်းနှင်းလာသည့် Hijet အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သည့် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေသူ တစ်ဦးဖြစ်သည့် ဖေမောင်စိမ်း(ဘ)ဦးဖေသိန်းအား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ အမှတ်(၂၀) ပထမထပ်၌ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်အတွင်း Wheel Chair ဖြင့်သွားလာနေရသည့် ဒေါ်ခင်ကြည် (၈၈) နှစ်နှင့် အိမ်အကူဖြစ်သူ ဒေါ်အေးစန်း (၅၀) နှစ်တို့ ၂ ဦးတည်းရှိနေစဉ် မျက်နှာဖုံးများ စွပ်ထားသည့် အမျိုးသား ၁၀ ဦးခန့်သည် ဓားဦးချွန်တစ်ချောင်း၊ သံတုတ်တစ်ချောင်း ကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်လာပြီး ဒေါ်အေးစန်းအား ကြိုးဖြင့်ချည်နှောင်ကာ ဒေါ်ခင်ကြည် အား ဓားဖြင့်ထောက်၍ ဒေါ်ခင်ကြည်နှင့် ဒေါ်အေးစန်းတို့ ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း ၄ မျိုး စုစုပေါင်းတန်ဖိုး ၅၁ သိန်းကျပ်ခန့်နှင့် နေအိမ်ဘီရိုအတွင်း သိမ်းဆည်းထားသည့်ငွေကျပ် ၅ သိန်းတို့ အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သွားလာ နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်သမားများက နေရာအချို့၌ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆက်ကြေးများကောက်ခံခြင်း၊ အပြစ်မဲ့ခရီးသွား ပြည်သူများအား အကြောင်း အမျိုးမျိုးပြစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသား ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူး အဆင့် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မောင်တောမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

နှလုံးရောဂါနှင့် ဆီးနှင့် ကျောက်ကပ်ရောဂါ ဆေးကုသမှုလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2022

တက္ကသိုလ်များ၌ ပါရဂူဘွဲ့သင်တန်းများ၊ အသုံးချဘာသာရပ်များ၊ ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ)နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်