နေပြည်တော် မေ ၃၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၄၅၆ ဦးအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူသည်။
သတင်းစဉ်