Skip to main content

Jun 02, 2022

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား မေ ၄ ရက်မှ ၃၁ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2022

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခွန်ငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက် ပေးရခြင်းဖြစ်သဖြင့် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများနှင့် ကြွေးကျန်များ ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ အခွန်ပုန်း၊ အခွန်ရှောင်များကို ဖော်ထုတ်အရေးယူပြီး အခွန်ထမ်းသစ်များရရှိရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2022

နိုင်ငံတော်နှင့် ပြည်သူတို့၏ အနာဂတ်ဘဝ မြင့်မားတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးသည် အဓိကကျသောအရင်းအမြစ်ဖြစ်သည်။ အသိဉာဏ်ပညာသည် နိုင်ငံနှင့်ပြည်သူတို့၏ ဘဝအဆင့်အတန်းအခြေအနေကို ညွှန်းဆိုနေသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်အားပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ မြို့နယ်ပညာရေးမှူးရုံးတွင် မေလ ၃၁ ရက်နေ့က ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့်အလျောက် မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ ဆရာမများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း၊ ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေခြင်း၊ ပညာရေး ဝန်ထမ်းများအတွက် လစာထုတ်ပေးခြင်းတို့ ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားတို့က မိုင်းထောင်ဖောက်ခွဲခြင်းကြောင့် ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ခြောက်ဦးနှင့် အရပ်သားဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့မှုအပေါ် အဖွဲ့အစည်း အသီးသီးတို့က လက်မခံကန့်ကွက်ခြင်း၊ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းတို့ဖြင့် သဘောထား ထုတ်ပြန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်