Skip to main content

Jun 18, 2021

အာဆီယံပူးတွဲညှိနှိုင်းမှု အစည်းအဝေး(Joint Consultative Meeting) ကို ယနေ့မွန်းလွဲ၁ နာရီ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ ရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပါဝင်တက် ရောက်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပညာရေးဝန်ကြီးဌာန၏ အသုံးချဘာသာရပ်ပေါင်းစုံ သင်ယူလေ့လာနိုင်သော တက္ကသိုလ် တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအား ဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေ 69 (Knowledge Sharing Program-KSP) အစီအစဉ်အရ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေး ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေ(မူကြမ်း) စိစစ်အကြံပြုခြင်းဆိုင်ရာ သင်တန်း အမှတ်စဉ် ၁/၂၀၂၁ ဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲ က ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်သည့် Pipeline Regulation and Working Introduction သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက အဖွင့်အမှာစကား ပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အဖျက်အမှောင့်လုပ်ဆောင်ရန် လက်လုပ်မိုင်း စမ်းသပ်ဖောက်ခွဲရာမှ ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦးအား မုံရွာမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအား ရှေးရှု၍ စာသင်ကျောင်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားစေလျက် ရှိရာ အကြမ်းဖက်မှုကို လိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် NLD ပါတီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေသည့် အကြမ်း ဖက်သောင်းကျန်းသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ ပညာသင်ကြားနေမှုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ကန့်ကွက်စာများ ရေးသား ခြင်းတို့ကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့ တို့၏ ကြိုးကိုင်ဆောင်ရွက်နေမှု၊ ပံ့ပိုးမှုတို့ဖြင့် အကြမ်းဖက်သမားများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံ တရားမဲ့စွာဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်လုပ် သေနတ်များ ပြုလုပ်ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီးအရောက် လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၉/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာ စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

သူရိယနေဝန်းမီဒီယာမှ သတင်း ထောက် ဦးဝေဖြိုးက ICRC ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံခရီးစဉ်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံတကာအဖွဲ့ အစည်း ခေါင်းဆောင် များ ပထမဆုံးခရီးလာရောက်ခြင်းဖြစ် သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စား လျက်ရှိကြောင်း၊ ၎င်းအနေ ဖြင့် အကျဉ်းထောင်များကိုသွားရောက် လေ့လာခြင်းနှင့် အကျဉ်းထောင်များမှဆောင်ရွက်သည့်လုပ်ငန်းများ ပြန်လည် စတင်ခြင်းများနှင့်ပတ်သက်၍ အစိုးရ၏ တုံ့ပြန်မှုကို သိလိုပါကြောင်း၊ ထို့ပြင် ICRC ဥက္ကဋ္ဌ၏ ခရီးစဉ်ရလဒ်ကိုလည်း သိချင်ပါကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်း ကောက်ယူ ရေးလုပ်ငန်း စီမံကိန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်း က နေပြည်တော် ဂရိတ်ဂေါ ဟိုတယ်၌ ကျင်းပသည် ။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) ၏ ၈၈ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အထွေထွေညီလာခံကို မေ ၂၄ ရက်မှ ၂၈ ရက်အထိ ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့ရှိ ပေါ်တူဂီဘုရားရှိခိုးကျောင်းနှင့် အမှတ်(၁)ရေနံချက် စက်ရုံဝင်း အတွင်းရှိ ကိုလိုနီခေတ် အဆောက်အဦးများအား စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

(၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်