Skip to main content

Jun 18, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အဖျက်အမှောင့်လုပ်ဆောင်ရန် လက်လုပ်မိုင်း စမ်းသပ်ဖောက်ခွဲရာမှ ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦးအား မုံရွာမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအား ရှေးရှု၍ စာသင်ကျောင်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားစေလျက် ရှိရာ အကြမ်းဖက်မှုကို လိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် NLD ပါတီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေသည့် အကြမ်း ဖက်သောင်းကျန်းသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ ပညာသင်ကြားနေမှုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ကန့်ကွက်စာများ ရေးသား ခြင်းတို့ကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့ တို့၏ ကြိုးကိုင်ဆောင်ရွက်နေမှု၊ ပံ့ပိုးမှုတို့ဖြင့် အကြမ်းဖက်သမားများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံ တရားမဲ့စွာဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်လုပ် သေနတ်များ ပြုလုပ်ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီးအရောက် လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၉/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာ စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

သူရိယနေဝန်းမီဒီယာမှ သတင်း ထောက် ဦးဝေဖြိုးက ICRC ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံခရီးစဉ်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံတကာအဖွဲ့ အစည်း ခေါင်းဆောင် များ ပထမဆုံးခရီးလာရောက်ခြင်းဖြစ် သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စား လျက်ရှိကြောင်း၊ ၎င်းအနေ ဖြင့် အကျဉ်းထောင်များကိုသွားရောက် လေ့လာခြင်းနှင့် အကျဉ်းထောင်များမှဆောင်ရွက်သည့်လုပ်ငန်းများ ပြန်လည် စတင်ခြင်းများနှင့်ပတ်သက်၍ အစိုးရ၏ တုံ့ပြန်မှုကို သိလိုပါကြောင်း၊ ထို့ပြင် ICRC ဥက္ကဋ္ဌ၏ ခရီးစဉ်ရလဒ်ကိုလည်း သိချင်ပါကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်း ကောက်ယူ ရေးလုပ်ငန်း စီမံကိန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်း က နေပြည်တော် ဂရိတ်ဂေါ ဟိုတယ်၌ ကျင်းပသည် ။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) ၏ ၈၈ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အထွေထွေညီလာခံကို မေ ၂၄ ရက်မှ ၂၈ ရက်အထိ ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့ရှိ ပေါ်တူဂီဘုရားရှိခိုးကျောင်းနှင့် အမှတ်(၁)ရေနံချက် စက်ရုံဝင်း အတွင်းရှိ ကိုလိုနီခေတ် အဆောက်အဦးများအား စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

(၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

ဂျပန်နိုင်ငံမှကြီးမှူး၍ Online ဖြင့်ကျင်းပခဲ့သော Seminar on Economic Policies 2021 အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်း ကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

(၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ (၂၀၂၁)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ရာထူးဝင် စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့် အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှ စတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

ပြန်ကြားရေးဝန်ကြီးဌာန၏စီစဉ်မှုဖြင့် အမှန်နှင့်အမှား၊ ဓမ္မနှင့် အဓမ္မ ပြည်သူတွေကွဲပြားကြဖို့ လိုပါပြီနှင့် အခြား ဆောင်းပါးများ ပါဝင်သည့် ဆောင်းပါးပေါင်းချုပ် စာအုပ်ထွက်ရှိလာသည်။ ။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2021

VOM သတင်းဌာနမှ ဦးမောင်မောင်ထွန်းက နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ဘဏ်လုပ်ငန်း တွင် ဥပဒေအချို့ ကိုထုတ်ပြန်ကြောင်း၊ သို့သော်လည်းအောက်ခြေတွင် တော်တော်အဆင်မပြေမှုများ ဖြစ် နေကြောင်း၊ နောက်တစ်ချက်မှာ သက်ပြည့်ပင်စင် ဝန်ထမ်းများ၊ ကျဆုံး၊ သေဆုံးစစ်မှုထမ်းများ၏ စစ်မှု ထမ်း ဆုကြေး ငွေများကို အပတ်စဉ်ထုတ်နေရ၍ အခက်အခဲဖြစ်နေကြောင်း၊ ထို့ကြောင့် တစ်လုံးတစ်ခဲ တည်းရအောင် ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အပြင်၌ KPay, Wave Moneypero cotopogumopos ဘာကြောင့် ထုတ်၍ မရသလဲဆိုသည်မှာ ဘဏ်က ထုတ်မပေး၍ဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ်၌ ပိုက်ဆံ မရှိ၍ ထုတ်မပေးခြင်း၊ မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုကြောင်း၊ ငွေထုတ်၊ ငွေလွှဲအချိန်တွင် ရာခိုင်နှုန်းများကိုလည်း တောင်းနေကြကြောင်း၊ ထိုကိစ္စကို မည်သို့အဆင်ပြေစေရန် ဆောင်ရွက် ပေးမည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်