Skip to main content

Dec 25, 2021

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံကျော်တန်ဖိုး ရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် ဘားအံမြို့နယ် ရွှေတောကျေးရွာ အုပ်စု ရွှေတောကျေးရွာအနီး ဘားအံ-ဇာသပြင်သွားကားလမ်းတွင် စိုးမောင် မောင်းနှင်ပြီး ခိုင်ဇော်လတ် လိုက်ပါလာသည့် VGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀၀ ကို လည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု ယန်းခေါင်ကျေးရွာနေ လော်ချို (ခ)အားချို၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀ နှင့် ဘိန်းဖြူ၊ ၀ ဒသမ ၀၁၅ ကီလိုတို့ကို လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

PDF အမည်ခံအကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်နှင့် အပြစ်မဲ့ပြည်သူများအား ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် အတွင်း ရထားလမ်းပိုင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက ခရိုင်ပညာရေးမှူးရုံးနှင့် စာသင် ကျောင်းတို့အား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (ဒ/၁၇)ရက်ကွက်၊ အမှတ် (၇၃/က) မဟာဗန္ဓုလလမ်းနေ ဇော်မင်းဦး(ခ)စွန်ရဲ(ခ)ကြွက်(ဘ)ဦးသန်းဆွေနှင့် ဇနီးဖြစ်သူ ကျင်ကျင်မွှေး(ခ)ပျိုပျို(ဘ)ဦးကျင်သိန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စက်တင်ဘာလအတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာ ပါဝင် လှုပ်ရှားခြင်း၊ အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့်လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၇၉)ရပ်ကွက်၊ အမှတ်(၁၂၃၁) ပိတောင်ရွှေဝါလမ်းနေ စည်သူဖြိုး(ဘ)ဦးအေးမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကို လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၃ ဦးအား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ရန် မော်တော်ယာဉ်များအား ရပ်တန့် စစ်ဆေးစဉ် ရပ်တန့်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် မောင်းနှင် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားအချို့အား လက်နက်/ခဲယမ်း များနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး လွိုင်ကော်လေဆိပ်သို့ ယနေ့နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်အတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး ပြည်သူလုထု အကာအကွယ်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်က ယနေ့နံနက် ၃ နာရီမှစတင်၍ ၃ ကြိမ်တိုင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းရှိ အရာရှိ၊ စစ်သည်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သဖြင့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ကစဉ့်ကလျားဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH NUG အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်အတွက် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ အပါအဝင် စသည့် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ရေးနှင့်မသက်ဆိုင်သော အပြစ်မဲ့ခရီးသွားပြည်သူများအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁) နှစ်သည် ဇနီး ဒေါ်သူဇာအေး(၄၅)နှစ်၊ သားဖြစ်သူ မောင်မောင်သက်ခိုင်(၉)နှစ်တို့နှင့်အတူ ၎င်း၏ ရွှေဆိုင်မှ နေအိမ်သို့ပြန်လာခဲ့ရာ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ခုံးတံတား အလယ်သို့ ရောက်ရှိစဉ် အငှားယာဉ်၊ YGN-5F/7939 Probox အဖြူရောင်သည် လမ်းအား ပိတ်ရပ်၍ ယာဉ်ပေါ်ပါ အမျိုးသား ၅ ဦးမှ ဦးနှင်းငွေ ပိုင်ဆိုင်သည့် ရွှေထည် ပစ္စည်း စုစုပေါင်း အလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ် ၂ လုံး (ကာလတန်ဖိုးငွေ သိန်း ၇,၂၀၀ ကျပ်ခန့်) လုယက်ယူဆောင်ကာ ၎င်းတို့ စီးနင်းလာသည့် ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၄)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် လွတ်လပ်ရေးနှင့်အတူ မြန်မာ့တပ်မတော် ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး ကျူးကျော်သူနယ်ချဲ့ နှင့်ဖက်ဆစ်တို့ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမျိုးသားခေါင်းဆောင်များ ဦးဆောင်ပြီး တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့သည်။ ။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အင်အားကြီးနိုင်ငံက အခြားနိုင်ငံများကို ဝင်ရောက်သိမ်းပိုက်ကာ အင်ပါယာများ ထူထောင်ခဲ့ကြသည်။ အင်ပါယာပြည့်ရှင်နိုင်ငံက လက်အောက်ခံနိုင်ငံများထံမှ သယံဇာတ၊ စီးပွားရေးအကျိုးအမြတ်နှင့် ကြွယ်ဝချမ်းသာမှုတို့ကိုပါ ရယူခံစားကြပြီး ၎င်းတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို လက်အောက်ခံနိုင်ငံများသို့ ဖြန့်ချိခဲ့ကြသည်။ လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မည့်အချိန်တွင်မူ လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြကာ နိုင်ငံနယ်နိမိတ်များကို ပြင်ဆင်ခြင်း၊ ခွဲစိတ်ခြင်း အပါအဝင် နည်းအမျိုးမျိုးဖြင့် အင်အား ချည့်နဲ့အောင် ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါဒေသရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2021

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သန်လျင်ဖန်ချက်စက်ရုံ အဆင့်မြှင်တင်ဖွင့်လှစ်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်း ချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2021

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရှိ မင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်