Skip to main content

တပ်မတော်(ရေ) ဌာနချုပ်၊ တပ်၊ စခန်းများမှ ခရစ်စမတ်နေ့ အထိမ်းအမှတ် လှူဒါန်းမှုများ ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ-၂၅   

မောရဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များသည် ကလိန်အောင်မြို့နယ် ကံပေါက် ကျေးရွာရှိ ဗေသနိနှစ်ခြင်း ခရစ်ယာန် အသင်းတော်သို့ သွားရောက်၍ ခရစ်စမတ်နေ့ အထိမ်းအမှတ် လက်ဆောင် ကိတ်မုန့်နှင့် လှူဖွယ်များအား လှူဒါန်းမှုများဆောင်ရွက်ခဲ့ပြီး ခရစ်စမတ် အထိမ်း အမှတ်လက်ဆောင် ကိတ်မုန့်လှီးခြင်းအား သိက္ခာတော်ရဆရာနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပလောမြို့နယ်၊ မလိကျွန်းမှ ဇရပ်ဆိပ်ကျေးရွာ၊ ငရုတ်ကောင်းကျေးရွာ၊ ကျောက်ထရံ ကျေးရွာများရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍ လှူဒါန်းငွေများနှင့် ကြက်ဉ၊ ရွှေဖီဦးများကို လှူဒါန်းခဲ့ကြပါသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ တီးပူကျေးရွာရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် ကျင်းပပြုလုပ်သော ခရစ်စမတ်နေ့ အခမ်းအနားသို့ တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်များ သွားရောက်၍ အခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပူးပေါင်းပါဝင် ပြုလုပ်ကြသည်။ အခမ်းအနားသို့ တက်ရောက်လာသော ခရစ်ယာန်ဘာသာဝင် ကျေးရွာသူ ကျေးရွာသားများအား အမှတ်တရ ခရစ်စမတ် ဦးထုပ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်