Skip to main content

Jun 22, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များသည့် ဇွန် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အထင်ကရနေရာများ၊ မော်စကိုမြို့၏ ပို့ဆောင်ရေးစနစ်၊ သမိုင်းယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လေ့လာကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမို တိုးတက်ကောင်းမွန်လာစေရန်အတွက် အထောက်အကူပြုသင်တန်းအဖြစ် ကာတွန်းအရုပ် လေးများဖြင့် တီထွင်ဆန်းသစ် ဖန်တီးမှုပြုလုပ်ရသည့် Cartoon Animation Graphic သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosoboronexport ကုမ္ပဏီသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီး ဌာန(အိုးဘို)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့နံနက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အတူ ပုသိမ်မြို့ရှိ ကိုးသိန်းဘောလုံးအားကစားကွင်း၌ မီတာ(၄၀၀) ပြေးလမ်းခင်းကျင်းနေမှုနှင့် ဘောလုံးကွင်း ပွဲကြည့်စင်တို့ကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး (၂)ထပ်ဆောင် တည်ဆောက်နေမှုနှင့် မိုးလုံလေလုံအားကစားခန်းမ ပြန်လည်ပြုပြင်မွမ်းမံနေမှု တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

(၂၁-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၀၉၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၃၀) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၈၄,၇၅၆) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၉,၂၄၇) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာ-တရုတ်နယ်စပ် နမ့်ဆန်-ကိုးကန့် BP-125 ယာယီဂိတ် ဖွင့်လှစ်ရေးနှင့် ချင်းရွှေဟော်-မုန်တိန်(မိန်းတိန်) နယ်စပ်ဒုတိယဂိတ်သစ်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်ရန် လက်နက်ခဲယမ်းများနှင့်အတူ အကြမ်းဖက်သူတချို့ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ၁၁၁ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေ စစ်ဆေးဆောင်ရွက်စဉ် အကြမ်းဖက်သူများက လက်ပစ်ဗုံးများ၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူ ၄ ဦး၊ ဖမ်းဆီးရမိသူ ၈ ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံးနှင့် လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် ဦးဆောင်သော အဖွဲ့သည် ဇွန် ၃ ရက်တွင် မင်းကုန်း စိုက်ပျိုးမွေးမြူ ရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းကို လည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ရွှေမြယာနှင့် လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများ ကို လည်းကောင်း၊ ဇွန် ၂၁ ရက် တွင် တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးမှု အတတ်သင် စခန်းကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။ ။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအတွက် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေး သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများ က ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ လက်လုပ်သေနတ် ၁၈ လက်၊ ဒူးလေး ၄ လက်နှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ တူမီးသေနတ် ၅ လက်နှင့် နှစ်လုံးပြူးသေနတ် ၁ လက်တို့အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၂၈၀၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၄၂၆၀ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ လူမှုကူညီရေးယာဉ်နှင့် ယာဉ်မောင်းများ၊ အေးချမ်းစွာ နေထိုင်သော ပြည်သူများအား အကြမ်းဖက်သူများက တူမီးသေနတ်၊ ဓားများဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ထိုးခုတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူ ရန်ကြိုးစားခဲ့သူ အကြမ်းဖက်သမားများအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်း ကျောင်းအား အကြမ်းဖက်သူ ၂ ဦးက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောက်တံတားမြို့နယ် များတွင် ဖွင့်လှစ်ထားရှိသော “1 STOP SUPER MARKET” ဆိုင်များအား အကြမ်းဖက်သူများက မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်သည် ဇွန် ၂၀ ရက် နံနက် ၉ နာရီ တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မိုးလုံ လေလုံအားကစားခန်းမ အမိုးနှင့်အခင်း ဆေးသုတ် ခြင်းလုပ်ငန်းများ၊ လျှပ်စစ်မီးပြန်လည်ပြုပြင်ပြီးစီးမှု ကိုလည်းကောင်း၊ မအူပင်မြို့နယ် ဘောလုံး အားကစားကွင်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်း၊ ပွဲကြည့်စင် တည်ဆောက်ပြီးစီးနေမှုလုပ်ငန်းများ၊ အလေးမအားကစားရုံ ပျက်စီး ယိုယွင်း နေမှုများကို လည်းကောင်း၊ ဘတ်စကက်ဘောကွင်း၊ စားပွဲတင် တင်းနစ်ရုံ၊ ပိုက်ကျော်ခြင်း အားကစား ကွင်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းပြီး ပြန်လည်မွမ်းမံနိုင်ရေးအတွက် လိုအပ် သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် မိုးလုံလေလုံ အားကစားရုံကို ကြည့်ရှုစစ်ဆေး၍ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးသွားသော အုတ်နံရံများ ပြန်လည် ပြုပြင်ရေးကိစ္စရပ်များ၊ မြို့နယ်ဘောလုံးအားကစား ကွင်း မြေဖို့ပြုပြင်ရန် လိုအပ်သည့်ကိစ္စရပ်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်