Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိ

နေပြည်တော်    ဒီဇင်ဘာ   ၂၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ကိုလေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီ (၁) ခုမှ ယာဉ်စီးရေ (၁) စီးဖြင့် နှာခေါင်းစည်း Mask (၄) တန် တင်သွင်းခဲ့သည်။      

ဒီဇင်ဘာ (၁) ရက်မှ (၂၅) ရက်အတွင်း ကုမ္ပဏီ (၈၃) ခုမှယာဉ်စီးရေ (၁၉၀) ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၃၀၄) တန်၊ အောက်ဆီဂျင် (ဓါတ်ငွေ့) အိုးဖြင့် (၂) တန်၊ အောက်ဆီဂျင်အရည် Storage Container/Tank(၂)ခု၊ အောက်ဆီဂျင်အရည် Distributor (၂) ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၃၀၀၁)ခု၊ OxygenPlant(၃)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၅၈၁) ခုCovid Test Kit (၁၉၅၇) ခု၊ PPE ဝတ်စုံ (၁၅၂၈၀) ၊ လက် အိတ် (၃၂) တန်နှင့် နှာခေါင်းစည်း (Mask) (၁၀၃၉) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ဒီဇင်ဘာ (၁) ရက်မှ (၂၅) ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း (၁၆) စီးမှာ ရန်ကုန်မြို့သို့ (၁၃) စီး၊ မန္တလေးမြို့သို့ (၂) စီးနှင့် မုံရွာမြို့သို့ (၁)စီးဖြစ်ပြီး၊ Oxygen Plant(၃) ခုမှာ မန္တလေးမြို့ (၂)ခုနှင့် မူဆယ်မြို့ သို့ (၁) ခုဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကို လည်းအများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။ 

(သတင်းစဉ်)