Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

နေပြည်တော်၊ ဒီဇင်ဘာ - ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိ နေကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ခဲ့စဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ကန်စွန်းအင်းကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများအား နေအိမ်တွင် အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် ဆောင်ရွက် ပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်