Dec 30, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဒီဇင်ဘာ ၂၆ ရက် မှ ၂၈ ရက်အထိ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၊ ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာန (ရန်ကုန်)၊ သာကေတ ကမ်းလွန်အခြေစိုက်စခန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တို့ကို ကြည့်ရှုစစ်ဆေးသည်။
Dec 30, 2021
တက္ကသိုလ်များ ဖွင့်လှစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 30, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
Dec 30, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Dec 30, 2021
ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျနားလည်တတ်ကျွမ်းစွာကိုင်တွယ် အသုံးပြုနိုင် စေရန်နှင့် ကွန်ပျူတာနှင့် ပတ်သက်သည့် ဗဟုသုတများပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ "အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်း ပွဲအခမ်းအနား"ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
Dec 30, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်မှ ကုမ္ပဏီ (၁)ခု၊ ယာဉ်စီးရေ(၁)စီး ဖြင့်အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁)စီး တန် (၂၀) တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။ အောက်ဆီဂျင် (အရည်) Bowser (၁) ယာဉ်စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။
Dec 30, 2021
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Dec 30, 2021
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီး ကလေးများသင်တန်းကျောင်း (မလိခ) တို့ကိုလည်းကောင်း၊ ယနေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်) ကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 30, 2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Rural Revitalization Administration (NRRA)အောက်ရှိ International Poverty Reduction Centre in China(IPRCC )တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် “ China- aided Pilot Project of Poverty Reduction Cooperation in Myanmar” ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေး စံပြစီမံကိန်း လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 30, 2021
CDF အမည်ခံ အကြမ်းဖက်သမားများက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သားမိသားစုဝင်များအား ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အကြောင်းမဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
Dec 30, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက်ရှိသည်။
Dec 30, 2021
စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု (၃) ဒုတိယပွဲစဉ်ကို ဒီဇင်ဘာ ၃၁ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။
Dec 30, 2021
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ဖမ်းဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ပါဝင်သောအဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။
Dec 30, 2021
သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် အခကြေးငွေရယူခဲ့သည့် မိခင်ဖြစ်သူနှင့် အတင်း အဓမ္မပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်နိုင်ငံသား တို့အား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Dec 30, 2021
ဒီဇင်ဘာလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သူများ၏ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့၏ ငွေကြေးနှင့် လက်ဝတ်ရတနာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပေးခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၄)၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 30, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ် ပေးလျက်ရှိသည်။ ဒီဇင်ဘာ ၂၉ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Wheel Chair ၁၂၇ ခု၊ Commode Chair ၅၀၀၊ Digital Blood Pressure Monitor ၃၀၀၀၊ Blood Pressure Monitor Bp3UG1-2E ၃၀၀၀၈၊ Auto Matic Blood Pressure Monitor ၃၀၀၀၊ Blood Pressure Monitor BP3NM1-3E ၃၀၀၀၊ PEN Type Digital Thermometer ၃၀၀၀၊ High Low Stretcher ၂၈ ခု၊ Scoop Stretcher ၂၀၊ Female Examining Table ၅ ခု၊
Dec 30, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီနှစ်ခု၊ ယာဉ်စီးရေ နှစ်စီးဖြင့် အောက်ဆီဂျင်(အရည်)Bowser ယာဉ်တစ်စီး တန် ၂၀ နှင့်နှာခေါင်း စည်း (Mask) ကိုးတန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
Dec 30, 2021
ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
