Skip to main content

“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(၃)ဒုတိယပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

နေပြည်တော်  ဒီဇင်ဘာ  ၂၉

စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော် သီချင်းဆို ပြိုင်ပွဲ အုပ်စု (၃) ဒုတိယပွဲစဉ်ကို ဒီဇင်ဘာ ၃၁ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါပွဲစဉ်၌ တိုင်းရင်းသား ပြိုင်ပွဲဝင်များ ဖြစ်ကြသည့် တနင်္သာရီတိုင်းဒေသကြီးမှ နော်အေးသစ္စာထူး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ချိုမီမီဇော်၊ မွန် ပြည်နယ်မှ မောင်သက်၊ ရခိုင် ပြည်နယ်မှ ဖြူလှ၊ ပဲခူးတိုင်းဒေသကြီးမှ မင်းသားလေး၊ ရှမ်းပြည်နယ်မှ မေဖြူခင်၊ ကချင် ပြည်နယ်မှ အရိန့်၊ ချင်းပြည်နယ် မှ နန်းဆွေနှင့် ကယားပြည်နယ် မှ နန္ဒာလင်း တို့က ယှဉ်ပြိုင် သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတမှ တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ၂၀၂ ခုနှစ် ဇန်နဝါရီ ၂ ရက် (တနင်္ဂနွေ နေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် နေပြည်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသ ကြီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်လည်းကောင်း၊ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာတွင် လည်းကောင်း နိုဝင်ဘာ ၂၆ရက်မှ ၂၀၂ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ်စဉ် သောကြာနေ့ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်