Skip to main content

Jun 27, 2021

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာလောကရန်နှိမ် အောင်တော်မူ မြတ်စွာဘုရား ပရဝဏ်အတွင်းရှိသာသနာ့ ဗိမာန်ကိစ္စနှင့်ပတ်သက်၍ ဆရာတော် ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနား ကိုယနေ့နံနက် ၁၀ နာရီကအောင်တော်မူ မြတ်စွာဘုရား နှစ်ကျိပ်ရှစ်ဆူ နှစ်ထပ် ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် ကိုယ်စား လှယ် အဖွဲ့ဝင်များ လိုက်ပါ၍ ဇွန် ၂၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံဆွေးနွေးသည်။.

ဆက်လက်ဖတ်ရှုရန်

Jun 27, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ တွေ့ရှိမှု ရာခိုင်နှုန်း သိသိသာသာ မြင့်တက် လာနေပြီဖြစ်ရာ ကမ္ဘာ့ကပ်ရောဂါ မိမိတို့ထံ ကူးစက်မလာစေရေးအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး အထူး ဂရုပြုကြရန် တိုက်တွန်းနှိုးဆော်လိုသည်။ ဓာတ်ခွဲအတည်ပြုလူနာ များအတွင်း မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ခံထား ရမှုများကိုပါ တွေ့ရှိခဲ့ရာ ယင်းတို့၏ ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံ ကူးစက်ပျံ့နှံ့နိုင်မှု၊ ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေတို့ မှာ ပိုမို၍ မြင့်မားပြင်းထန်ခြင်းကြောင့် ကြိုတင်ကာကွယ်မှုက ပို၍ အရေးပါလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2021

ကမ္ဘာပေါ်ရှိလူမှုဘဝအသိုက်အမြုံတိုင်းတွင် ဆိုင်ရာဆိုင်ရာကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို ပြဋ္ဌာန်းထားသည်။ ယင်းတို့ကို လိုက်နာဆောင်ရွက်ကြမှသာလျှင်လောကအသိုက်အမြုံတို့သည် ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ ကျင့်ဝတ် သည် ဆိုင်ရာတို့စောင့်ထိန်းရမည့်အလုပ်၊ စည်းကမ်းသည် ဆောင်ရွက်ရမည့်အလုပ်၊ ဥပဒေသည် လိုက်နာရမည့်အလုပ်ဖြစ်သည်။ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေတို့ကို မလိုက်နာပါက လူ့ဘောင်အသိုက်အဝန်းသည် မငြိမ်းချမ်း ပျက်စီးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့်(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲ တွင် သဘောရေးဖြေအောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ်များအား ဘွဲ့တံ ဆိပ်တော်နှင့်အောင်လက်မှတ်ဆက်ကပ်ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြု လုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းရှိ ရိုးမရိပ်သာ Quarantine center သို့သွားရောက်၍ ပြည်ပမှ ပြန်လာသူများကို Quarantine ထားရှိ ဆောင်ရွက်နေမှုနှင့် လုံခြုံရေး အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဇွန် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ မြို့ပတ်ဒီဇယ် စက် ခေါင်းစက်ရုံ(အင်းစိန်)၊ လေကြောင်းပညာသိပ္ပံနှင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားများကို ယနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) မိုးကုတ်ဆွမ်းစား ဆောင်၌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ (အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) အမှူးပြုသည့် သင်ကြား/စီမံဆရာတော်များကို ဖူးမြော်ကြည်ညို သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအပေါ် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံများ၏ ဝန်အားသုံးစွဲမှုအခြေအနေ၊ ဖြန့်ဖြူးပေးနေမှု တို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပို ရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရာနှုန်းပြည့်မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် Inn Pauk Wa Co., Ltd ၏ ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းနေရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၃/၂၀၂၀)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း (၁၀) ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၁၉၅)နေရာ ရွေးချယ် ပေးရေးအတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ် မှတ်ချက်နှင့်အညီ ဇွန် ၂၆ ရက်နှင့် ၂၇ ရက်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ASEAN Aid တည်ထောင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ ( One Financial Expert and One Operations Evaluation Expert) အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူလျက်ရှိရာ အာဆီယံလူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အောက်ရှိ ဝန်ကြီးဌာနများနှင့် ဆပ်စပ် ပြင်ပအဖွဲ့အစည်းများမှ စိတ်ပါဝင် စားသည့် ကျွမ်းကျင်ပညာရှင်များအနေဖြင့် asean@secretarial.org မှတစ်ဆင့် ( ၇ - ၅ - ၂၀၂၁ ) ရက်နေ့ နောက်ဆုံးထား၍ အဆိုပြု လွှာများကို တင်သွင်းနိုင်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါ စေကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေ ညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီးချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးနေ့ အခမ်းအနားများ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ဆိုလျှင် (၃၄) ကြိမ် မြောက်ရှိပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကြေး လိမ်လည်ကောက်ခံသူဒေါက်တာစိုင်းပြည့်စုံချမ်းကို ဖမ်းဆီးရမိကြောင်း သတင်းကြေညာသွားသည်။ စိုင်းပြည့်စုံချမ်း ၅၁နှစ် (ဘ) ဦးချမ်းအေး အထူးကု ဆရာဝန် (အထွေထွေဆေးပညာ)ဆိုသူမှာ ဆရာဝန် မဟုတ်ပါ။ လူလိမ်လူညာတစ်ဦးသာ ဖြစ်ပါသည်။ “လူလိမ်လူညာ စိုင်းပြည့်စုံချမ်းတော့ ထပ်လိမ်လို့ နောက်တစ်ကြိမ် အဖမ်းခံသွားရပြန်ပြီါ” ဟု သူငယ်ချင်းဖြစ်သူအား ဖုန်းဆက်ပြောမိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2021

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၄) ရပ်ကွက်နေ သူဇာ (ခ) ရှမ်းမ (ဘ) ဦးစိုးမြင့်သည် ဖေဖော်ဝါရီ ၅ ရက် မှ ဧပြီ ၂၈ ရက်အထိ ကာလများအတွင်းတွင် လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာတစ်ဝိုက်ရှိ တောင်ကုန်းပေါ်၌ လူအင်အား ၃၀ ခန့်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုပ်ငန်းအဖွဲ့ကို အနိုင်ထက်ဖြစ်စေ၊ သောင်းကျန်းသောနည်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန် (သို့မဟုတ်) ဖျက်ဆီးရန် သင်တန်း တက်ရောက်သင်ကြားခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က) အရ ၎င်းအား ဇွန် ၂၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်” အမိန့်ကို ချမှတ်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်