Jun 25, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။
Jun 25, 2021
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား မော်စကိုမြို့ရှိ Turandot စားသောက်ဆိုင်တွင် တွေ့ဆုံ အမှာစကား ပြောကြားသည်။
Jun 25, 2021
(၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို့ ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်မှ “ဂုဏ်ထူး ဆောင်ပါမောက္ခ”ဘွဲ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။
Jun 25, 2021
“အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးအနေအထားအရ ကမ္ဘာပေါ်တွင် လွန်စွာအရေးပါသော ဒေသတစ်ခုဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ဒေသဟာ ကမ္ဘာ့စီးပွားရေး ဈေးကွက်၏ သုံးပုံတစ်ပုံ ခန့်ကိုလည်း ပိုင်ဆိုင်ထားပြီး အရေးပါတဲ့ အဓိကပင်လယ် ရေလမ်းကြောင်းများတည်ရှိရာ ဒေသတစ်ခုလည်း ဖြစ်ကြောင်း” ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေးရာ၌ ပြောကြား ခဲ့သည်။
Jun 25, 2021
မြန်မာနိုင်ငံတွင် သစ်တောများပြုန်းတီးရခြင်း၏ အဓိက အကြောင်းရင်းများတွင် သစ်များ အလွန်အကျွံထုတ်ယူခြင်း၊ တရားမဝင်သစ်ခိုးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် လာခြင်း၊ မြို့သစ်များတိုးချဲ့ တည်ဆောက်လာခြင်း၊ ထင်း၊ မီးသွေးလောင်စာ လိုအပ်ချက် မြင့်မားလာခြင်း စသည်တို့ပါဝင်သည်။ မြန်မာနိုင်ငံ သစ်တောများ နှစ်စဉ်ပျက်စီးဆုံးရှုံးမှုမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိရာ သစ်တောများ ပြုန်းတီးခြင်း၏ အကျိုးဆက်အဖြစ် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို ရင်ဆိုင် ကြုံတွေ့နေရသည်။
Jun 24, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ ညနေ ၃ နာရီခွဲက လမ်းမတော်မြို့နယ် မော်တင်ယာယီ ဈေးရပ်ကွက် ကမ်းနားလမ်းရှိ ရွာသစ်ချောင်းရေထိန်းတံခါးမြစ်ထွက်ပေါက်တွင် ၁ နာရီ ရေဂါလန် ၁၉၀,၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၆၀ အားရှိသည့် 40 KW ရေစုပ်စက်ဖြင့် ရေထိန်းတံခါးပိတ်၍
Jun 24, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် စဉ်ဆက် မပြတ် စီးပွားရေး ပြန်လည်နာလန်ထူရေးဆိုင်ရာ အဆင့်မြင့်ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။
Jun 24, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 24, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ် အောက် အမျိုးသား(ဘောလုံး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
Jun 24, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် နိုင်ငံတကာအဆင့်မီ ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းစက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Jun 24, 2021
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေရေး(Knowledge Sharing Program- KSP) အစီအစဉ်အရ ဝန်ထမ်းဖွဲ့စည်းပုံ၊ ဝန်ထမ်း ခန့်ထားမှု၊ ဝန်ထမ်းရေးရာဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
Jun 24, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဇွန် ၂၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဘူတာ၊ ပုသိမ်မြစ်အတွင်း မြစ်ကြမ်းခင်းမြေသား စွမ်းအင်မြှင့်တင်ပေးခြင်း လုပ်ငန်းနေရာ၊ ကမ်းနားလမ်းတိုးချဲ့ခြင်းနှင့် ကမ်းနားတစ်လျှောက် သာယာလှပရေးလုပ်ငန်းနေရာနှင့် အပြည်ပြည်ဆိုင်ရာ ရေအောက် ဆက်သွယ်ရေးစခန်းတို့ကို ကြည့်ရှု့စစ်ဆေးသည်။
Jun 24, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၃)ခုမှ တာဝန်ရှိသူများ တက်ရောက် အားပေးသည်။
Jun 24, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံနေသည့် နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးသည်။
Jun 24, 2021
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jun 24, 2021
Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ၊ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 24, 2021
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပထမအကြိမ် အမျိုး သားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ဝန်ကြီးရုံး နီလာခန်းမ၌ ကျင်းပသည်။
Jun 24, 2021
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၆၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁၅၈၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jun 24, 2021
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများ လွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်လျက်ရှိသည်။