Skip to main content

Sep 15, 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2024

ပြီးခဲ့သည့်ရက်သတ္တပတ်က တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်အရှိန်တို့ကြောင့် စက်တင်ဘာလ ၁၀ ရက် နေ့မှစတင်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2024

​​​​​​​ကမ္ဘာတစ်ဝန်းရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များသည်လည်း ယခင်ထက်အကြိမ်ရေပိုမို များပြားလာခြင်း၊ အဖျက်စွမ်းအား ပိုမိုပြင်းထန်လာခြင်းနှင့် မကြုံစဖူး ဖြစ်ပေါ်လာခြင်းတို့ ယခုရာစုနှစ်ဦးပိုင်းမှစ၍ သိသာထင်ရှားလာခဲ့ကြောင်း ပညာရှင်တို့က ပြောကြားထားသည်။ မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ရာ သဘာဝဘေးအန္တရာယ် တစ်ခုဆိုးဆိုးရွားရွား ကျရောက်မှုကြုံရတိုင်း ဒေသနေပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးမှုတို့ ဖြစ်ပေါ်သလိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်ကိုပါ အနှောင့်အယှက်ဖြစ်ပြီး လေးလံနှေးကွေးသွားစေသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက်လာမှုနှင့်အတူ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကာ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များပျက်စီးခြင်းစသည့်တို့ ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စက်တင်ဘာလ (၉)ရက်နေ့နှင့်(၁၀)ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းမှစ၍ နမ့်ခုတ်ချောင်း၊ မယ် ဆွမ်ချောင်း၊ နမ့်ကျန်းချောင်း ရေကြီးမှုတို့ကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၇)ခုတွင် တောင်သူ (၁၃၂)ဦး၏ မိုးစပါးစိုက်ဧရိယာ (၃၅၁) ဧကခန့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး မိုင်းဆတ်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူတို့၏ အိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2024

မန္တလေးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆည်ရေ၊ မြစ်ရေနှင့် ချောင်းရေ ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ၊ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကာ ပြည်သူအချို့ ရေဘေးသင့်ခဲ့သည့်အတွက် စေတနာရှင်အလှူရှင်များမှ ယမန်နေ့တွင် လာရောက်လှူဒါန်းမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်သော သဘာဝဘေးဖြစ်စဉ်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2024

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရေဘေးသင်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ရေ၊ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်က ကြာဘက်ကုန်းကျေးရွာ အောင်ရတနာဧး ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်