Sep 14, 2024
မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ရေကြီးရေလျှံမှုများကြောင့် မြေနိမ့်ပိုင်း ဧရိယာများနှင့် အနီးရှိရပ်ကွက်များ၊ ကျေးရွာများတွင် ရေများဝင်ရောက်ကာ ရေနစ်မြုပ်နေမှုများဖြစ်ပေါ်ခဲ့ပြီး ရေနစ်မြုပ်နေသည့်နေရာများမှ ပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့ရွှေပြောင်းပေးခြင်း၊ ရှာဖွေကူညီကယ်ဆယ်ပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Sep 14, 2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် တာဝန် ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာများနှင့် မြေပြိုမှုများ၊ နေအိမ်ပျက်စီးမှု ဖြစ်ပွားရာ နေရာများသို့ ယမန်နေ့ နံနက်က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
Sep 14, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက် ရှိသောကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကယ်ဆယ်ရေးစခန်းများနှင့် ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တွေ့ဆုံအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
Sep 14, 2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ သံဃံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့တို့သည် ပျော်ဘွယ်မြို့နယ်သို့ ယမန်နေ့ညနေ (၆)နာရီက ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခြင်း၊ ရိက္ခာထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
Sep 14, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာတံတားနှင့် ပင်လောင်းလမ်းတစ်လျှောက် မိုးသည်း ထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုကြောင့် တင်ကျန်နေသည့် နုန်းမြေများ၊ သစ်တုံး/သစ်ကိုင်းများနှင့် အမှိုက်သရိုက်များအား ဌာနဆိုင်ရာမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ လုပ်သားများ၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
Sep 14, 2024
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေ များ စီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှု ကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ခဲ့ရကြောင်းသိရသည်။
Sep 14, 2024
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် စူပါတိုင်ဖွန်း ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ပြီး ဘီလူးချောင်းရေမြင့်တက်ခဲ့သဖြင့် ရေဝင်ရောက်လျက်ရှိ သည့် လွိုင်ကော်မြို့ ၊ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်များ ၊ ရေစီးကွေ့ ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)နမ့်ကွတ် ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် ကန္ဒရဝတီတံတားတို့၌ ချောင်းရေမြင့် တက်မှုအခြေအနေများအား ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Sep 14, 2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်မှုများဆောင်ရွက်ပေးနိုင်ရေးအဖွဲ့ (၆)ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကျေးရွာအုပ်စုအလိုက် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု ဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
Sep 14, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းတွင် အထက်မြစ်ညှာမှ မြစ်ရေများဆုံဆင်းလာ၍ ရပ်ကွက်နှင့်ကျေးရွာများရှိ မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။
Sep 14, 2024
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့်ဒေသများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်မှု ဓာတ်ပုံမြင်ကွင်း