နေပြည်တော် ဒီဇင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာ၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင် သမဝါယမတို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် နွားမွေးမြူရေးခြံတည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် သက်ဆိုင်ရာတာဝန်ရှိသူများက တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင်သမဝါယမ အသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ နွားမွေးမြူရေးခြံဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်