Nov 15, 2024
အလုပ်သမားဝန်ကြီးဌာန ထုပ်ဆီးတိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်သည်။
Nov 15, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 15, 2024
(၂၀၂၄) ခုနှစ် ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Theater ခန်းမ၌ ကျင်းပသည်။
Nov 15, 2024
Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသားများ ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 15, 2024
ပုသိမ်မြို့ ချောင်းသာကမ်းခြေ၌ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr.Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ၌ လှည့်လည်ကြည့်ရှုအနားယူအပန်းဖြေကြပြီး ချောင်းသာမြို့အဝင်၌ ရုရှား - မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ခရေပင်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr.Iskander Azizov နှင့်အတူ စိုက်ပျိုးပေးကြသည်။
Nov 15, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ယနေ့တန်ဆောင်တိုင်မီးထွန်းပွဲတော် ဒုတိယနေ့ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားသည်။
Nov 15, 2024
မြန်မာတို့၏ ၁၂ လရာသီတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်များ ကျင်းပလေ့ရှိသည့်အနက် တန်ဆောင်မုန်းလပြည့်နေ့တွင် နိုင်ငံတစ်ဝန်း၌ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများ ကျင်းပနေကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။ မြန်မာတို့အဖို့ ကုသိုလ်ကောင်းမှုအထူးထူးတို့ ရရှိကြသလို ထိုနေ့ထူးနေ့မြတ်အခါသမယတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် သာမညဖလသုတ်တရားတော် ရွတ်ဖတ်ပူဇော်နာကြားခြင်းကုသိုလ်ကိုလည်း ပြုလုပ်ကြရမည်ဖြစ်ပါသည်။
Nov 15, 2024
လတကာတို့တွင် တန်ဆောင်မုန်းလသည် အလှပဆုံး၊ အသာယာ ဆုံးဟု အဆိုရှိသည်။ “တန်ဆောင်” ဟူသည် မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရ၍ “မှုန်း” ဆိုသည်မှာ တောက်ပစေခြင်း၊ ထွန်းညှိခြင်းဟူသော အဓိပ္ပာယ်ရှိသည်ဖြစ်၍ “တန်ဆောင်မုန်း” ဆိုသည်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးအလင်းရောင်တို့ တောက်ပသောလဖြစ်သည်ဟူ၍လည်း ဖွင့်ဆိုသည်။ တစ်နည်းအားဖြင့် အမိုက်မှောင်ကို မီးရှူးတန်ဆောင် အလင်းရောင်ဖြင့် ပယ်ရှားရှင်းလင်းသည့်ကာလလည်း ဖြစ်သည်။
Nov 14, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ (၁၃) ရက်က နေအိမ် (၁၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Nov 14, 2024
ပုသိမ်မြို့ ချောင်းသာကမ်းခြေသို့ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ၌ လှည့်လည်ကြည့်ရှုအနားယူအပန်းဖြေကြပြီး ချောင်းသာမြို့အဝင်၌ ရုရှား - မြန်မာချစ်ကြည့်ရေးအထိမ်းအမှတ်အဖြစ် ခရေပင်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် H.E.Mr.Iskander Azizov နှင့်အတူ စိုက်ပျိုးပေးကြသည်။