Skip to main content

Nov 15, 2024

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် နှောကုန်းကျေးရွာတွင် နိုဝင်ဘာ ၁၄ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်၍ နေအိမ် ၂၀၀ နီးပါးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ဒေသခံအမျိုးသမီး ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ RFA Burmese က သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ် (Fraud Case) များဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကာကွယ်နိုင်ရန် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ Alpha Best Global Limited ဖိနပ်ချုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံများဖြစ်သည့် Rong Da Gar-ments Co.,Ltd. နှင့် ရွှေဇာမဏီစက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး (ဟစ်တိုင်) ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့် ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (အတု)၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ခဲ့ရာ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ (၃) ဦးအား သင်္ကန်းကျွန်းမြို့မရဲစခန်းတွင်လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင် အံ့မှူးပါ (၁၁) ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ (၅) ဦးအား မြဝတီမြို့မရဲစခန်းတွင်လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော်အား မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်အား ဒလမြို့မရဲစခန်းတွင်လည်းကောင်း တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုအမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသားလေးဦး (စိစစ်ဆဲ) က နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် သေနတ်များကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းများကို ကြမ်းပြင်၌ မှောက်ခိုင်းထားကာ ဆိုင်၏နောက်ခန်းအတွင်း ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်းဖြစ်သူ ကိုဟိန်းမြတ်သူ (၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀၊ တန်ဖိုးငွေကျပ် ၁၁၂၁ သိန်းခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း ကိုဟိန်းမြတ်သူတွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၆၈/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၃၀၂/၃၄ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်အသီးသီးမှ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်းနှင့် ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းတို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်