Skip to main content

အစိုးရ၊ NCA လက်မှတ်ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ UPDJC အတွင်းရေးမှူးများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

နေပြည်တော်  ဩဂုတ်  ၁၄

အစိုးရ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးများနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး၌ ထည့်သွင်းချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင်ပါဝင်သည့် သဘောတူညီချက်များကို အစိုးရနှင့် NCA-S EAO မှ UPDJC ကိုယ်စားလှယ်များက ရှင်းလင်းပြောကြားကြပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကိုမေးမြန်းကြရာ အစိုးရနှင့် NCA-S EAO UPDJC အတွင်းရေးမှူးများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ အစိုးရအစုအဖွဲ့မှ UPDJC ကိုယ်စားလှယ်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ဦးလှမောင်ရွှေနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ NCA-S EAO အစုအဖွဲ့မှ UPDJC ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမျိုးဝင်း (ABSDF)၊ စောမြရာဇာလင်း(ALP)၊ နိုင်အောင်မငေး (NMSP) နှင့် ခွန်မြင့်ထွန်း (PNU) ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)၊ ဦးနိုင်ငံလင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊  ဦးမြင့်စိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ စိုင်းကျော်ညွန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ တာလှဖေ (တအာင်း(ပလောင်) အမျိုးသားပါတီ)၊ ဦးသိန်းထွန်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးအောင်ကြည်ညွန့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဒေါက်တာအောင်မြတ်ဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးဦးလှစော (ရခိုင်အမျိုးသားပါတီ)၊ ဦးခွန်ထွန်းရွှေ (ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ)၊ ဦးရွှေမင်း (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ))၊ ဒေါက်တာတူးဂျာ (ကချင်ပြည်နယ်ပြည်သူ့ပါတီ)၊ ဒေါ်ရင်ရင်မေ (ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ)၊  ဦးစောထွန်းအောင်မြင့် (ကရင်ပြည်သူ့ပါတီ)၊  ဦးဆိုင်နပ် (‘ဝအမျိုးသား ပါတီ)၊ စိုင်းနိုင်နိုင်ထွေး (ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ)၊ နန်းခင်စိန်မြင့် (တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဒေါ်အေးသီတာမြင့် (လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဦးစိုင်းဘိုးအောင် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)၊ ဦးငိုင်ဆာ့ခ် (ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) နှင့် ဦးထွန်းအောင် (အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ) တို့ တက်ရောက်ကြသည်။

မျိုးဟန်စိုး