နေပြည်တော် ဩဂုတ် ၁၄
မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ် မဟင်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူများ တက်ရောက်ကြသည်။
မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ကိုဗစ်-၁၉ ကာလတွင် စိုက်ပျိုးရေးဆိုင်ရာ စိုက်ပျိုးနည်းစနစ်များ၊ နည်းပညာပေးလုပ်ငန်းများ၊ နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားများမှတဆင့် အသိပေးဆောင်ရွက်လျက်ရှိကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က CERP အရ ဆောင်ရွက်ရသော ရေတိုအစီအမံများအပြင် Covid အလွန်ကာလများအတွက်လုပ်ငန်းစဉ်များ၊ လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် နောင်တစ်ချိန်တွင် လယ်ယာမြေနှင့်ပတ်သက်၍ မိမိတို့ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်ရေး၊ ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့်စနစ်၊ တာဝန်ယူ တာဝန်ခံနိုင် သည့်စနစ်များ ဆောင်ရွက်နိုင်ရေးကို မျှော်မှန်းပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရတောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအားလုံးပါဝင်သည့် Collective Strength စုပေါင်းဆောင်ရွက်သည့် အင်အားသည် အရေးကြီးပါကြောင်း၊ ရေစီမံခန့်ခွဲသည့်နေရာတွင် လည်း ရေသုံးစွဲသူများအသင်း Water Utilizer Group အားထူထောင် ဆောင်ရွက်ခဲ့ရာ အသင်းအဖွဲ့ပေါင်း ၂၀၀၀ ကျော်ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ တောင်သူလယ်သမား အသီးသီးက ပြောင်းလဲဖြစ်ပေါ်လာသည့်ရာသီဥတု၊ မိမိတို့၏ ရေအရင်းအမြစ်ကို တိတိ ကျကျသုံးစွဲကြရမည်ဖြစ်၍ ဒေသအလိုက် စိုက်ပျိုးရေရယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက် နေပါကြောင်း၊ စိုက်ပျိုးရေသုံးစွဲရာတွင် မိုးကောင်းသောက်စနစ်များပြားလျက်ရှိပြီး ဆည်ရေ သောက်စနစ်သည် ၁၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ သို့ပါ၍ ပြောင်းလဲလာသော ရာသီဥတုနှင့်နောင်လာမည့်ကာလများတွင် ရေရရှိသုံးစွဲနိုင်မှု ပိုမိုတိုးမြင့်လာစေရေး ဆောင်ရွက်ပေးရန် စီမံကိန်းများ ချမှတ်ပြီးဖြစ်သည်ကို အသိပေးပြောကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း က ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော CERP လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ၊ ဌာနဆိုင်ရာနှင့် တောင်သူလယ်သမားအားလုံးတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် CERP အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က တောင်သူ (၅၈)ဦး၏ မျိုးစေ့ထုတ် (၂၀၇)ဧကအတွက် ငွေကျပ်သိန်း(၃၁၀)ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း က တောင်သူ (၈၈)ဦး၏ မျိုးစေ့ထုတ်(၁၉၄)ဧကအတွက် ငွေကျပ် (၂၇၅)သိန်း ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီး ဦးအောင်ဇော်နိုင်က တောင်သူ (၄၆)ဦး၏ မျိုးစေ့ ထုတ်ဧက (၁၅၀) အတွက် ငွေကျပ်(၂၃၃)သိန်းကိုလည်းကောင်း ပေးအပ်ကြရာ တောင်သူကိုယ်စားလှယ်များ က လက်ခံရယူကြသည်။ ယနေ့အခမ်းအနားတွင် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း (၅၅၁)ဧကအတွက် စုစုပေါင်းငွေကျပ် (၈၁၈)သိန်းကျော် ကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
CERP အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများကို တောင်ငူခရိုင်တွင် (၃၁၄၁)ဧက၊ ပဲခူးခရိုင် တွင် (၈၄၃၉)ဧက၊ ပြည်ခရိုင်တွင်(၉၈၂၄ ဒဿမ ၅၀)ဧက၊ သာယာဝတီခရိုင်တွင် (၁၀၃၄၀)ဧက စိုက်ပျိုးဆောင်ရွက်လျှက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးမျိုးစေ့ထုတ်ဧက စုစုပေါင်း (၃၁၇၄၄ ဒဿမ ၅၀)ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။
ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို ချင်းပြည်နယ်မှအပ တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ မြို့နယ် (၂၈၇)မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ အထွက်ကောင်း စပါးမျိုး (၆၉၃၃၅)ဧက၊ အရည်အသွေးကောင်းစပါးမျိုး(၃၀၆၆၅)ဧက စုစုပေါင်း ဧကတစ်သိန်း စိုက်ပျိုးသွားမည်ဖြစ်ပြီး မျိုးစေ့၊ အပင်ပြုစုလုပ်အားခ၊ မျိုးကွဲနှုတ်ပယ်၊ မျိုးစေ့သန့်စင်လုပ်အားခ စုစုပေါင်း ငွေကျပ် ၁၄၉၁၁ ဒသမ ၃၃သန်း ကို CERP အရ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)