Skip to main content

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၉

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (/၂၀၂၀) ကို ယနေ့ နံနက်ပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက မိမိတို့ ယနေ့အထိ အစည်းအဝေး ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၈၈)ချက် ချမှတ်ကာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခင်အစည်းအဝေးတွင် ချေးငွေထုတ်ချေးမည့် လုပ်ငန်းကဏ္ဍများ ကို သတ်မှတ်ခဲ့ပြီး လျှောက်လွှာများကို ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၁၀ ရက်အထိ လက်ခံခဲ့ ကြောင်း၊ လက်ရှိတွင် UMFCCI မှတစ်ဆင့် လျှောက်ထားလာသော လျှောက်လွှာ ,၅၇၀ စောင်၊ Online မှတစ်ဆင့် လျှောက်ထားလာသော လျှောက်လွှာ ၉၉၃ စောင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် CCI များမှ လျှောက်ထားလာသော လျှောက်လွှာ ,၆၄၈ စောင်၊ စုစုပေါင်းလျှောက်လွှာ ၁၀,၂၁၁ စောင် လက်ခံရရှိခဲ့ပါကြောင်း၊ ယခုအကြိမ်တွင် ပထမအကြိမ် လျှောက် ထားမှုထက် နှစ်ဆခွဲခန့် များလာပါကြောင်း၊ ယခုဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် စနစ် တကျစိစစ်၍ ချေးငွေများ မြန်ဆန်သွက်လက်စွာထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေး ဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ် () ခုမှလည်း ပူးပေါင်းဆောင်ရွက် ထုတ်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ်  ပြန်လည်သုံးသပ်ညှိနှိုင်းကြပြီး ထိခိုက်မှုရှိနေသည့် စီးပွားရေး လုပ်ငန်းများအတွက် လုပ်ငန်းကော်မတီ က စီမံဆောင်ရွက်ပေးနိုင်သည့် ကိစ္စများအား လိုအပ်သလို ဆောင်ရွက်ပေးရေး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေလျှောက် ထားလာသည့် လုပ်ငန်းများအပေါ် စိစစ်သည့်လုပ်ငန်းစဉ်များ မြန်ဆန် သွက်လက်ရေးနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက အဆိုပြု တင်ပြလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။    

(သတင်းစဉ်)