ရေတာရှည် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၉ ရက်နေ့ နံနက် ၉ နာရီ အချိန်က ခင်တန်းကြီးကျေးရွာ အုပ်စုရှိ သီရိမင်္ဂလာ ပေါက်ဘုရား စေတီတော် ကျောင်းတိုက် ဆရာတော်အား ဖူးမျှော် ၍ ဝါဆိုသင်္ကန်း နှင့် အလူငွေများ ဆက်ကပ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် တာဝန်ရှိသူများအား ဆွေးနွေး လမ်းညွှန်ခဲ့သည်။
ဆက်လက်၍ ရေတာရှည်မြို့ အနောက်ဘက် ပေါက်ချောင်း ကျေးရွာအုပ်စု၊ ခင်တန်းနှင့် ကျောက်ချောင်း ကျေးရွာအကြားရှိ စမိုးချောင်း လွှဲမြောင်းဖြတ် ကွန်ကရစ်တံတားအားကြည့်ရှုခဲ့ပြီး တံတားအားအဆင့် မြင့်တင်တည်ဆောက်နိုင်ရေးအတွက် ကျေးလက် လမ်း ဦးစီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောက်ချောင်းကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ရွာဦးကျောင်း ဆရာတော်ကို ဖူးမျှော်၍ ဝါဆိုသင်္ကန်းနှင့် အလူငွေများ ဆက်ကပ်ပြီး သာသနာရေးဆိုင်ရာများ လျောက်ထားသည်။ ဆက်လက်၍ ဓမ္မာရုံတွင် ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး ရေတာရှည် - ကရင်ချောင်း - လိပ်သို စစ်တောင်း မြစ်ကူး တံတားမှတဆင့် ရေတာရှည်-ခင်တန်း-ကျောက်ချောင်း-ဇီးအုပ်ကျေးရွာ များ ကို ဖြတ်သန်း၍ အမြန် လမ်းမကြီးသို့ ဆက်သွယ်ထားသော ကားလမ်းဖောက်လုပ်မည် ဖြစ်ကြောင်၊ ထိုသို့ လမ်းမကြီးဖောက်လုပ် ပြီးစီးသွားပါက ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သည့်အားလျော်စွာ လူမှု၊ စီးပွားရေးကဏ္ဍများတွင် များစွာတိုးတက် ပြောင်းလဲမည်ဖြစ် ကြောင်း ပြောကြားသည်။ ရပ်မိ ရပ်ဖများမှ အမြန်လမ်း မိုင်တိုင် ၁၅၈ နှင့် မအူတုံး ကျေးရွာအကြား ဆက်သွယ် ထားသော လမ်းပိုင်း တံတားပြု ပြင်နိုင်ရေးကိစ္စနှင့် အခြားသော ဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆု (ပြန်/ဆက်)