Skip to main content

စစ်တွေတက္ကသိုလ်တွင် ယာယီဆေးရုံထပ်မံပြုလုပ်ကာ COVID-19 လူနာများထားရှိရန်စီစဉ်

စစ်တွေ ဩဂုတ် ၃၁

ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး ဩဂုတ်လ(၁၆) ရက်နေ့မှ ဩဂုတ်လ (၃၀)ရက်နေ့အထိ (၂) ပတ်တာ ကာလအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာအသစ် (၃၀၀) ကျော်အထိ တွေ့ရှိလာရပါသည်။ စစ်တွေမြို့တွင် ကူးစက်ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇပြောင်းနေသည့် အမျိုးအစားဖြစ်ခြင်းကြောင့် ကူးစက်မြန်လျက်ရှိ၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် သာမက သူနာပြုနှင့် သားဖွားသင်တန်းကျောင်း တို့တွင် COVID-19 လူနာများထားရှိ ကုသနေလျက်ရှိပါသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်မှ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာများကို စောင့်ကြည့်ကုသနိုင်ရန် ဆေးရုံအသီးသီးတွင် ပြင်ဆင်ဆောင်ရွက်ထားရှိ လျက်ရှိပြီး စုစုပေါင်း ကုတင် (၇၂၆) ခု အထိ လက်ခံကုသပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိပါသည်။ ထို့အပြင် လိုအပ်လာပါက စစ်တွေတက္ကသိုလ်တွင် ယာယီဆေးရုံ ထပ်မံပြုလုပ်ကာ COVID-19 လူနာများထားရှိရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

#MRTV