Skip to main content

“ဒီဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့”  အွန်လိုင်း ဟောပြောပွဲ ကျင်းပမည်

နေပြည်တော် အောက်တိုဘာ ၂၂

မြန်မာနိုင်ငံ ဒီဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပမည့်ဒီဂျစ် တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့ (Digital Platforms and Future Direction of Book Industry Webinar)” အွန်လိုင်းဆွေးနွေးပွဲကို ၂၄၁၀၂၀၂၀(စနေနေ့) မွန်းလွဲ ()နာရီတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ထုတ်ဝေနေသည့် စာအုပ်များကို ပြည်တွင်းစာဖတ် ပရိသတ်များက မှာယူနိုင်မည့် နည်းလမ်းများ၊ မှာယူရာတွင် သိထားသင့်သည့် အချက်အလက်များ၊  ဒီဂျစ်တယ်စာပေဆိုင်ရာ အကျိုးခံစားခွင့်များနှင့် အခြားအခွင့်အလမ်းများကို ဆွေးနွေးကြမည် ဖြစ်ပြီး ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဦးကိုကို(ကိုကိုစက်မှုတက္ကသိုလ်)၊ ဒေါက်တာသန့်သော်ကောင်း (Myanmar Book Center)၊ ဦးအောင်စည်သာ(စိတ်ကူးချိုချိုစာပေတိုက်)၊ ဖြိုးဖြိုးအောင်(Chance Myanmar Online Education)တို့မှ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ စိတ်ပါ ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး http://tiny.cc/MDMA-Webinar-2 သို့ ဝင်ရောက် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။      

(သတင်းစဉ်)