နေပြည်တော် အောက်တိုဘာ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ အာဆီယံ ဒေသဆိုင်ရာအမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန် လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် Online စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊ လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ UN WOMEN Regional Consultant ၊ Ms. Katherine Belen၊ အစိုးရ/ဌာန အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ GBV Working Group မှ ကိုယ်စားလှယ်များ Online မှ ပါဝင် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာတွင် ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးညီလာခံ (ASEAN Summit)တွင် အာဆီယံဒေသ ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးလုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ လက်ရှိအချိန်သည် အာဆီယံ လုပ်ငန်းစီမံချက်၏ အကောင် အထည်ဖော် ဆောင်မှု၏ ပထမ(၅)နှစ်ပြီး မြောက်လုနီးပါးဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် လုပ်ငန်းစီမံချက်အား အကောင်အထည် ဖော်ဆောင်မှုများကို ကာလလတ်ပြန်လည် သုံးသပ်မှုပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကာလလတ် ပြန်လည်သုံးသပ်မှုကို အဆင့် (၂) ဆင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ပထမအဆင့် (Phase I) အဖြစ် Desk Review ဆောင်ရွက်ပြီး ဒုတိယအဆင့် (Phase II) အဖြစ် နိုင်ငံအဆင့် ဆွေးနွေးပွဲများကို ကျင်းပရန်ဖြစ် ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် အာဆီယံအမျိုး သမီးကော်မတီ (ASEAN Committee on Women – ACW) နှင့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ASEAN Commission on Promotion and Protection of the Rights of Women and Children- တို့အပြင် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီး များအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Women – AMMW) တို့တွင်လည်း Focal Point အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း။
ယခုကဲ့သို့ ကာလလတ်ပြန်လည် သုံးသပ်ခြင်းဖြင့် အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက် (ASEAN RPA on EVAW)ပါ လုပ်ငန်း ရပ်များကို မိမိတို့နိုင်ငံ အဆင့်တွင် အကောင်အထည်ဖော် ဆောင်မှုများကို စုစည်းဆန်းစစ်ပြီး စိန်ခေါ်မှု၊ ကွာဟချက်နှင့် ဖြေရှင်း နိုင်မည့်နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်နိုင်မည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂)ရေးဆွဲ အကောင်အထည် ဖော်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ထည့်သွင်းဖွဲ့စည်းခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကိုရေးဆွဲခြင်း၊ ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် အမျိုးသား ကော်မတီ ဖွဲ့ပြီး လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲခြင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေးစနစ် ဆိုင်ရာ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရေးစံ လုပ်ငန်းလမ်းညွှန်ရေး ဆွဲအတည်ပြုခြင်း၊ အမျိုးသမီးများ ဘဝတစ်လျောက် အတွေ့အကြုံများဆိုင်ရာ စစ်တမ်းကောက်ယူရေးအတွက် စီစဉ် ဆောင်ရွက်မှု များကို ပြုလုပ်ထားရှိကြောင်း။
အကြမ်းဖက်ခံရသူအမျိုးသမီးများကို ဝန်ဆောင်မှုများပေးနိုင်ရန်ဖို့ အတွက် (၂၄)နာရီ Help Line ဖွင့်လှစ်ထားခြင်း၊ One Stop Women Support Center (၆)ခု ဖွင့်လှစ်ထားရှိခြင်း၊ တရားရင်ဆိုင် စရိတ်နှင့် အသက် မွေးဝမ်းကျောင်းအတွက် ထောက်ပံ့မှုများ ပေးခြင်း၊ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲ သူများကို လေ့ကျင့်သင်တန်းပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးပွဲ ရည်ရွယ်ချက်များ ပေါက်မြောက် အောင်မြင်နိုင်ရေး၊ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ အခက်အခဲ နှင့်စိန်ခေါ်မှုများ မကျန်ခဲ့စေရေး ဝိုင်းဝန်း ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေးက အာဆီယံ ဒေသဆိုင်ရာအမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက် ရေးလုပ်ငန်းစီမံချက်အပေါ် ကာလလတ် ပြန်လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခြင်း၊ UN WOMEN Regional Consultant ၊ Ms. Katherine Belen က အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစီမံချက်ပါ ဦးစားပေးလုပ်ငန်းနယ်ပယ် (၅)ရပ်နှင့် လုပ်ငန်းစီမံချက်(၈)ခုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခြင်း၊ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းများပြု လုပ်ခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)