Oct 26, 2020
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ကာကွယ်ကုသနိုင်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအဖို့ကြီးမားသည့် စိန်ခေါ်မှုဟု ဆိုရပါမည်။ ရောဂါပိုးကူးစက်ခံရသော လူနာ၊ ပိုးကူးစက်ခံရသူနှင့် တိုက်ရိုက်ထိတွေ့ထားသူ၊ ရောဂါပိုးရှိနိုင်သော သံသယလူနာ စသည့်အရေအတွက်နှင့် ထိုအရေအတွက်ကို ထားရှိ နိုင်မည့် ဆေးရုံများ၊ သီးခြားခွဲထားသည့် ကန့်သတ်ဌာနများ အရေ အတွက်က လုံလုံလောက်လောက် မျှမျှတတမဖြစ်သောကြောင့် နေရာ ဌာနကျပ်တည်းသည့်ပြဿနာက ယနေ့ရင်ဆိုင် နေရသော အကြီးဆုံး ပြဿနာတစ်ခု ဖြစ်နေသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Oct 25, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
(၂၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၁,၆၉၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၉၈၆)ဦး တွေ့ရှိရပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၇:၃၀)နာရီ
Oct 25, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၇:၃၀)နာရီ
Oct 25, 2020
ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေ အနေများ အပတ်စဉ် တင်ပြ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 25, 2020
ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော် ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုရေးအတွက် ပြည်ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
Oct 25, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၄ နာရီက သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။
Oct 25, 2020
နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍ
Oct 25, 2020
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ကူညီပံ့ပိုးနိုင်ရန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြည်တွင်း လေကြောင်းခရီးစဉ် (ပထမအကြိမ်) အဖြစ် ရန်ကုန်-စစ်တွေခရီးစဉ်ကို ယနေ့နံနက်ပိုင်းက စတင်ပြေးဆွဲသည်။
Oct 25, 2020
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဝယ်ယူထားသော ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
Oct 25, 2020
မြန်မာဝိုင်အမ်စီအေနှင့် ဟားခါး ဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ လူငယ်များ နိုင်ငံသားဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများ ရရှိရန်အတွက် ပြည်သူ့နီတိသင်တန်းကို အောက်တိုဘာ ဒုတိယပတ်က (၅)ရက်ကြာမျှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။