Skip to main content

Oct 25, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၃ ရက်နေ့ ည၈ နာရီအထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၅၇၉၉၂၁ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၂၃၆၅ ဦးရှိသည်။ ယင်းတို့အနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၄၅၄ ဦးရှိပြီး သေဆုံးသူ ၁၀၃၈ ဦးရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2020

ရန်ကုန်မြို့၏ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုအခြေအနေ အနိမ့်အမြင့် အတက်အကျ ဇယားကို နိုင်ငံအဝန်းက ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါသည်။ ရန်ကုန်က မြန်မာနိုင်ငံ၏ ဗဟိုချက်ကဲ့သို့ဖြစ်နေပြီး အရေးအကြောင်းကြီးငယ်ပေါ်လျှင် အဓိကကျသော ကျန်းမာရေး အစောင့်အရှောက်ကလည်း အခြားဒေသတို့နှင့် နှိုင်းစာလျှင် ပို၍ စုံစုံလင်လင်ရှိ၏။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေးကော်မတီက စီစဉ်ကျင်းပသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်းဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြန်မာစာအုပ်စင်တာ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန့်သော်ကောင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ သတင်းမီယာသမားများနှင့် စိတ်ပါဝင်စားသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

(၂၃-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၂၃၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၄၂၃)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲခြင်းလုပ်ငန်းများ အတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် မူဝါဒရေးဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ အမြင်ချင်းဖလှယ် ညှိနှိုင်းသည့် အစည်းအဝေးကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် ပြည်ပ နိုင်ငံအရပ်ရပ်၌ စာချုပ်သက်တမ်းကုန်လွန်၍ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာ သင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀)နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၇၉)ဦး၊ ဗြိတိန်မှ (၂၉)ဦး၊ အင်ဒိုနီးရှားမှ (၈)ဦး၊ ဘယ်လ်ဂျီယံမှ (၅)ဦး၊ ကနေဒါမှ (၃)ဦး၊ ဩစတြေးလျမှ (၂)ဦး၊ စင်ကာပူမှ (၁)ဦး၊ ဘရာဇီးလ်မှ (၁)ဦး၊ Trinidad and Tobago မှ (၁)ဦး၊ အီတလီမှ (၁၀)ဦး၊ အီဂျစ်မှ (၂)ဦး၊ ပနားမားမှ (၁)ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁)ဦး ၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၄၃)ဦး လိုက်ပါ ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

(၂၃-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၆၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

စင်ကာပူရှိ မြန်မာသံရုံးနှင့် တိုကျိုမြို့ရှိ မြန်မာသံရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန် ချောအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက တပ်ကုန်းမြို့ရှိ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွှဲ ၂ နာရီခွဲက နောင်ချိုမြို့အဝင် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်