Jul 20, 2022
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “PDF အမည်ခံအကြမ်းဖက်သမားများက ပေါက်မြို့နယ် ဒေါင်းသာကျေးရွာ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ ဆရာတော်၏ လည်ပင်းအား ဓားဖြင့် ရက်စက်စွာခုတ်၍ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဇူလိုင်၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Jul 20, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Jul 20, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် ကျိုင်းတုံ- ပန်လီ- မိုင်းခုတ်-မိုင်းဆတ်လမ်းကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
Jul 20, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 20, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Jul 20, 2022
အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်၏ (၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (22nd ASEAN Senior Officials Meeting on Transnational Crime – 22nd SOMTC) ကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဇူလိုင် ၁၉ ရက်က Video Conferencing ဖြင့် ကျင်းပခဲ့သည်။
Jul 20, 2022
ပြန်ကြားရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ ပူးပေါင်းတင်ဆက်မည့် “မြိုင်မြိုင်ဆိုင်ဆိုင်သုံးပွင့်တစ်ခိုင်” ပဒေသာကပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ဂီတကဏ္ဍမှ ပါဝင်တင်ဆက်နိုင်ရန် တွေ့ဆုံဆွေးနွေးသည်။
Jul 20, 2022
မျက်မှောက်ခေတ် အိုင်တီနည်းပညာခေတ်ကာလတွင် အများပြည်သူတို့အနေဖြင့် ဆိုရှယ်မီဒီယာများကိုသာ များသောအားဖြင့် အသုံးပြုဆောင်ရွက်နေကြသည်။ မှန်ကန်သော အသိအမြင်ဗဟုသုတ သတင်းအချက်အလက်များနှင့် ဘဝအမောပြေ လူမှုဆက်ဆံရေးနယ်ပယ်တို့အတွက် အသုံးပြုကြရာ၌ ကောင်းကျိုးဆောင်ကြဉ်းပေးသော်လည်း လူမှုကွန်ရက်ကိုအသုံးပြု၍ မမှန်ကန်သောလုပ်ဆောင်မှုများ၊ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားယုတ်လျော့ပျက်ယွင်းစေသော လုပ်ဆောင်မှုများကိုလည်း သတိပြုကြရမည်ဖြစ်သည်။
Jul 20, 2022
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအရင်းအမြစ်က အဓိကအကျဆုံးဖြစ်သည်။ သယံဇာတ မည်မည်ရရမရှိသော်လည်း အဖိုးတန်လူသားအရင်းအမြစ် ပြုစုပျိုးထောင်ကာ နိုင်ငံကို ထိပ်တန်းသို့ရောက်အောင် မြှင့်တင်နိုင်ခဲ့သည့် နိုင်ငံများများစွာရှိသည်။ အဖိုးတန်လူသားအရင်း အမြစ်ဟူသည် အရေအတွက်သက်သက်မျှသာမဟုတ်သော ပညာတတ်လူသားအရင်းအမြစ်၊ ကျွမ်းကျင်လူသား အရင်းအမြစ်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးတွင် ကဏ္ဍအလိုက် တတ်သိကျွမ်းကျင်သူများအဖြစ် ဆောင်ရွက်နိုင်စွမ်းရှိသူများပင်ဖြစ်သည်။ သို့ရာတွင် အဖိုးတန်၊ တန်ဖိုးမြင့်လူသားအရင်းအမြစ်ဟူသည် အလိုလျောက်ဖြစ်ထွန်းလာခြင်းမဟုတ်ဘဲ နိုင်ငံ၏လိုအပ်ချက်နှင့်ကိုက်ညီအောင် စနစ်တကျပြုစုပျိုးထောင်မှု ပြုလုပ်ပြီးမှသာ ပေါ်ထွက်လာခြင်းဖြစ်သည်။
Jul 19, 2022
(၇၅)နှစ်မြောက်အာဇာနည်နေ့တွင် နိုင်ငံတော်အတွက်အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြု အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ နေပြည်တော်ကောင်စီရုံးဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။