Skip to main content

Jul 19, 2022

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ရေယာဉ်သည် ယနေ့နံနက် ၁ နာရီခန့်တွင် အပေါ်ရီကျွန်း၏ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ်လျက်ရှိသော ငါးဖမ်းစက်လှေ ၁ စီးအား တွေ့ရှိသဖြင့် ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ ပညာရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များအား နိုင်ငံတကာဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတကာယဉ်ကျေးမှုနှင့် အသိပညာများ လေ့လာသိရှိနိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ လေ့လာရေးအဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဂါရဝပြုသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက်ဇူလိုင် (၁၈)ရက် နံနက်ပိုင်းတွင် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် Asia World ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းထားသည့် ခုတင်-၁၂၀ ဆံ့ သုံးထပ်လူနာဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု၍ လူနာဆောင်အသုံးပြုနိုင်ရေးနှင့် ကူးစက်မြန်ရောဂါလူနာများ ထားရှိနိုင်ရေးတို့အတွက် မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ယနေ့ကျရောက်သည့် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လွမ်းဆွတ်တသမှုဖြင့် အများပြည်သူ့နှင့် လူမှုရေးအသင်းအဖွဲ့များ လာရောက်ဂါဝရပြုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းလောင်း အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်